ကိုယ်အင်္ဂါအစိတ်အပိုင်း အစားထိုးကုသမှုဆောင်ရွက်ခဲ့သည့် ကျန်းမာရေးဝန်ထမ်းများအား ဂုဏ်ပြုညစာစားပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်

     ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ပြည်သူ့ဆေးရုံကြီးများတွင် အသည်းအစားထိုးခွဲစိတ် ကုသမှု၊ ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှု၊ သွေးပင်မကလပ်စည်းအစားထိုးကုသမှု၊ မျက်ကြည် လွှာအစားထိုးကုသမှုဆောင်ရွက်နိုင်ခဲ့သူများနှင့် လက်ပိုင်းဆိုင်ရာခွဲစိတ်ကုသမှုများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သော ပါမောက္ခ/အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေး ဝန်ထမ်းများအား ဂုဏ်ပြု ညစာစားပွဲအခမ်းအနားကို ၂၂-၁-၂၀၂၄ ရက်နေ့၊ (၆း၃၀)နာရီအချိန်တွင် ဆေးတက္ကသိုလ်(၁)ရန်ကုန်၊ Medical Skill, Simulation and Research Center, မြေညီထပ် Conference Hall တွင် ကျင်းပပြုလုပ်ရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ အငြိမ်းစား ပါမောက္ခဆရာဝန်ကြီးများ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ (၅၂)ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာသုတေသနညီလာခံသို့ တက်ရောက်လာကြသည့် ပြည်ပဆေးပညာရှင်များ၊ အသည်းအစားထိုးခွဲစိတ်ကုသမှု၊ ကျောက်ကပ် အစားထိုးခွဲစိတ်ကုသမှု၊ သွေးပင်မကလပ်စည်းအစားထိုးကုသမှု၊ မျက်ကြည်လွှာအစားထိုးကုသမှုနှင့် လက်ပိုင်းဆိုင်ရာခွဲစိတ်ကုသမှုများကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့သော ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများ၊ သူနာပြုများနှင့် ဆေးဘက်ကျွမ်းကျင်ဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။

     ရှေးဦးစွာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုအမှာစကား ပြောကြားပြီး ခွဲစိတ်ကုသမှုများကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့သော ပါမောက္ခ/အထူးကုဆရာဝန်ကြီးများ၊ သူနာပြုများနှင့် ဆေးဘက်ကျွမ်းကျင်ဝန်ထမ်းများအား ပြည်ထောင်စုဝန်ကြီးနှင့် ညွှန်ကြားရေးမှူး ချုပ်များက ဂုဏ်ပြုမှတ်တမ်းလွှာများ ‌ပေးအပ်ခဲ့ပါသည်။