ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းနှင့် ပြည်ထောင်စု ဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ် ဦးစိန်ဝင်းတို့သည် ဦးစီးဌာနအသီးသီးမှ တာဝန်ရှိသူများနှင့်အတူ နေပြည်တော်ရှိ ဝန်ထမ်းအိမ်ရာများ၌ အိမ်ရာပတ်ဝန်းကျင်သန့်ရှင်းရေး ဆောင်ရွက်ထားရှိမှု၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ သတ်မှတ်ထားသော အိမ်ရာစည်းကမ်းများနှင့်အညီ နေထိုင်မှု ရှိ/မရှိ၊ တရားမဝင်သူများ နေထိုင်မှု ရှိ/မရှိ အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးကြသည်။
ဒုတိယဝန်ကြီး၊ ပါမောက္ခဒေါက်တာအေးထွန်းသည် (၁၆-၃-၂၀၂၄)ရက်၊ (၀၉:၃၀)နာရီအချိန် တွင် မင်္ဂလာသိဒ္ဓိရပ်ကွက်၊ ဘောဂသိဒ္ဓိရပ်ကွက်နှင့် ဗလသိဒ္ဓိရပ်ကွက်ရှိ ဝန်ထမ်းအိမ်ရာများသို့ သွားရောက်ပြီး အိမ်ရာကြီးကြပ်သူ တိုက်တာဝန်ခံများ၊ နေထိုင်သူ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ အိမ်ရာ ပတ်ဝန်းကျင်သန့်ရှင်းရေး ပုံမှန်ပြုလုပ်သွားရန်၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ သတ်မှတ်ထားသော အိမ်ရာစည်းကမ်းများအတိုင်း တိကျစွာလိုက်နာနေထိုင်ရန်၊ ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ် ကြိုတင်တားဆီးကာကွယ်ရန်၊ အိမ်ရာများတွင် မသက်ဆိုင်သူများ လာရောက်နေထိုင်ခြင်း မရှိစေရန်၊ ဧည့်သည်လာရောက်တည်းခိုပါက ဧည့်စာရင်းအား သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ မပျက်မကွက်တိုင်ကြားရန်၊ ဝန်ထမ်းအိမ်ရာနေထိုင်မှုတွင် လိုအပ်ချက်နှင့် အခက်အခဲများရှိပါက အိမ်ရာကြီးကြပ်သူများမှတစ်ဆင့် တင်ပြဆောင်ရွက်သွားရန်၊ ဝန်ထမ်းအိမ်ရာများအနီး၌ ရာသီသီးနှံပင်များ စိုက်ပျိုးထားမှုများအား ကြည့်ရှုစစ်ဆေး၍ ကျန်းမာရေးနှင့်ညီညွတ်ခြင်း၊ မီးဖိုချောင်စရိတ်သက်သာခြင်းနှင့် ဘေးဥပါဒ်အန္တရာယ်ကင်းရှင်းသည့် သီးနှံများဖြစ်၍ ယခုထက်ပိုမိုတိုးချဲ့စိုက်ပျိုးကြရန်နှင့် ဝန်ထမ်းများအချင်းချင်း စည်းလုံးညီညွတ်စွာနေ ထိုင်ကြရန်မှာကြားပါသည်။
ထို့နောက် အိမ်ရာအလိုက် ဝန်ထမ်းမိသားစုများနှင့် ရင်းနှီးစွာတွေ့ဆုံ၍ ရေ၊ မီး ရရှိမှု၊ အခန်း အလိုက် သန့်ရှင်းရေးဆောင်ရွက်ထားရှိမှုနှင့် မိသားစုများ၏ ကျန်းမာရေးအခြေအနေတို့ကို မေးမြန်း ကြည့်ရှုစစ်ဆေးခဲ့ကာ လိုအပ်သည်များ မှာကြားခဲ့ပါသည်။
