ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလုပ်ငန်းဆိုင်ရာအလုပ်အကိုင်ကျွမ်းကျင်မှု“စံ”သတ်မှတ်ရေးကော်မတီ ဥက္ကဋ္ဌ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ အကူသူနာပြု(အဆင့်-၂)အလုပ်အကိုင်အတွက် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်နေမှုများကို ကြည့်ရှုစစ်ဆေးခြင်း အမျိုးသားအဆင့်ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဌာန၊သူနာပြုသင်တန်းကျောင်း နေပြည်တော်၊

မတ်လ(၁၅)ရက်

ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးလုပ်ငန်းဆိုင်ရာအလုပ်အကိုင်ကျွမ်းကျင်မှု“စံ”သတ်မှတ်ရေးကော်မတီမှ အကူသူနာပြု (အဆင့်-၂) အလုပ်အကိုင်အတွက် အမျိုးသားအဆင့် ကျွမ်းကျင်မှုစစ်ဆေး အကဲဖြတ်ရေးဌာန (Assessment Center) တွင် ကုသရေးဦးစီးဌာနမှ NSSA အသိအမှတ်ပြု အကူသူနာပြု(အဆင့်-၂) သင်ရိုးညွှန်းတမ်းဖြင့် အောင်မြင်ထားသည့် အကူသူနာပြုများအတွက် NSSA အသိအမှတ်ပြု ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ဆောင်ရွက်နေခြင်းကို ကျန်းမာရေးလုပ်ငန်းဆိုင်ရာ အလုပ်အကိုင်ကျွမ်းကျင်မှု“စံ”သတ်မှတ်ရေးကော်မတီ ဥက္ကဋ္ဌ၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်ထွန်းနှင့် တာဝန်ရှိသူများမှ (၁၅-၃-၂၀၂၄) ရက်နေ့ နံနက်(၉:၀၀)နာရီတွင် သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

    ကျန်းမာရေး လုပ်ငန်းဆိုင်ရာအလုပ်အကိုင်ကျွမ်းကျင်မှု“စံ”သတ်မှတ်ရေးကော်မတီ ဥက္ကဋ္ဌ၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်ထွန်းမှ ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးတွင် ဆန်းစစ်မှုခံယူမည့် အကူသူနာပြု(၁၄)ဦးအား Chief Assessor နှင့် Assessor များမှ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်မှု မဆောင်ရွက်မီ စာတွေ့နှင့်လက်တွေ့ familiarization ပြုလုပ် နေကြသည်ကို ကြည့်ရှု၍ အားပေးစကားပြောကြားခဲ့ပါသည်။

အဆိုပါ အကူသူနာပြု(အဆင့်-၂)အလုပ်အကိုင်အတွက် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ခြင်းတွင် အကူသူနာပြု(အဆင့်-၂)တစ်ဦး တတ်မြောက်ရမည့် Competency (၁၁)ခု ပြည့်မီခြင်း ရှိ/မရှိ စာတွေ့လက်တွေ့ဖြင့် အဆင့်ဆင့် စိစစ်အကဲဖြတ်ခြင်းကို (၁၅-၃-၂၀၂၄)ရက်နေ့ မှ (၂၀-၃-၂၀၂၄) ရက်နေ့ထိ ဆောင်ရွက်မည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။