ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းအား ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)မှ ဌာနေကိုယ်စားလှယ် MR. THUSHARA FERNANDO နှင့် အဖွဲ့မှ လာရောက်ဂါရဝပြုတွေ့ဆုံ

နေပြည်တော်၊ ဖေဖော်ဝါရီလ ၁၈ ရက်

     ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းအား ကမ္ဘာ့ကျန်းမာရေး အဖွဲ့(WHO)မှ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Thushara Fernando နှင့်အဖွဲ့မှ ဖေဖော်ဝါရီလ ၁၈ ရက်၊ ညနေပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ လာရောက်ဂါရဝပြု တွေ့ဆုံခဲ့ပါသည်။

        တွေ့ဆုံဆွေးနွေးရာတွင် ကျန်းမာရေးဝန်ကြီးဌာနနှင့် WHO အဖွဲ့တို့အကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ ၂၀၂၅ ခုနှစ်အတွင်း ဝန်ကြီးဌာနမှ ဦးစားပေးဆောင်ရွက်မည့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များနှင့် ဝန်ကြီးဌာနှင့် WHO တို့အကြား ဆက်လက်ပူးပေါင်း ဆောင်ရွက်မည့်ကိစ္စရပ်များအား ရင်းနှီးခင်မင်စွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ပါသည်။

      ဆွေးနွေးပွဲသို့ ကျန်းမာရေးဝန်ကြီးဌာနဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ WHO ရုံးမှ ကိုယ်စားလှယ်များ၊ ကျန်းမာရေးဝန်ကြီးဌာနမှတာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ပါသည်။