“မြန်မာနိုင်ငံတွင်မျက်စိကျန်းမာရေးစောင့်ရှောက်မှုတိုးမြှင့်ဆောင်ရွက်နိုင်ရေးညှိနှိုင်းအစည်းအဝေး” သို့ ဒုတိယဝန်ကြီးတက်ရောက်

ဒုတိယဝန်ကြီးတက်ရောက်

နေပြည်တော်၊ (၂၀၂၄) ခုနှစ်၊ မေလ (၂၉) ရက်နေ့

     ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းသည် ယနေ့၊ နံနက် (၉:၃၀) နာရီတွင် ကျင်းပခဲ့သည့် “မြန်မာနိုင်ငံတွင်မျက်စိကျန်းမာရေး စောင့်ရှောက်မှု တိုးမြှင့် ဆောင်ရွက် နိုင်ရေးညှိနှိုင်းအစည်းအဝေး”သို့ တက်ရောက်ခဲ့ပါသည်။

     ရှေးဦးစွာ ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် –

  • ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၏ ခန့်မှန်းဖော်ပြချက်အရ(၂၀၂၃)ခုနှစ်တွင် ကမ္ဘာပေါ်မှာ အမြင် အာရုံချို့တဲ့သူပေါင်းနှင့်မျက်စိကွယ်သူပေါင်းမှာ(၂.၂) ဘီလီယံခန့်ရှိပြီး ၎င်းတို့၏(၉၀%)မှာ ဖွံ့ဖြိုး ဆဲနိုင်ငံများမှ ဖြစ်ကြောင်းနှင့် အမြင်ချို့တဲ့သူများ၏ (၈၀%)ဟာ ကာကွယ်ကုသ၍ ရနိုင်ကြောင်း။
  • မြန်မာနိုင်ငံတွင် ကာကွယ်ကုသနိုင်သော မျက်စိရောဂါများအနက် အဓိကမျက်စိမမြင်ခြင်းကို ဖြစ်စေနိုင်သော အကြောင်းရင်းများမှာ အတွင်းတိမ်၊ ရေတိမ်၊ မျက်မှန်လိုအပ်ခြင်း၊ ထိခိုက်ဒဏ် ရာရခြင်းနှင့် ဆီးချို၊ သွေးတိုးရောဂါတို့ကြောင့်ဖြစ်ကြောင်း၊ ယခင်က မျက်ခမ်းစပ်ရောဂါသည် အဓိကအကြောင်းရင်းဖြစ်ခဲ့ပါကြောင်း။
  • နိုင်ငံတော်အစိုးရ၊ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့်အစိုးရ မဟုတ်သောအဖွဲ့အစည်းများ၏ အင်တိုက်အားတိုက်ဆောင်ရွက်မှုများကြောင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့(WHO)၏ သတ်မှတ်စံနှုန်းနှင့်အညီ မြန်မာနိုင်ငံတွင် မျက်ခမ်းစပ်ရောဂါသည်ပြည်သူ့ ကျန်းမာရေးပြဿနာအဖြစ်မှကင်းဝေးကြောင်း (Trachoma Elimination in Myanmar)ကို (၂၀၂၀)ခုနှစ်၊ စက်တင်ဘာလတွင် ကြေငြာနိုင်ခဲ့ပါကြောင်း။
  • မျက်ခမ်းစပ်ရောဂါကဲ့သို့ ကူးစက်နိုင်သောမျက်စိရောဂါများ လျော့နည်းကင်းဝေးသွားသော် လည်း၊ အတွင်းတိမ်ရောဂါနှင့်အတူ ဆီးချို၊ သွေးတိုးစသောရောဂါများ၏ နောက်ဆက်တွဲ မျက်စိ ရောဂါများ ဦးမော့မလာစေရေးအတွက် မကူးစက်နိုင်သော ရောဂါများကာကွယ်နှိမ်နင်း ရေးစီမံချက်များနှင့် ပူးပေါင်းဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်း။

  • “မြန်မာ့ကျန်းမာရေးမျှော်မှန်းချက် ၂၀၃၀” “Myanmar Health Vision 2030” တွင် မျက်စိကျန်းမာရေးသည်လည်း အရေးကြီးသော အခန်းကဏ္ဍတစ်ရပ်မှပါဝင်ပြီး ကျန်းမာရေး စောင့်ရှောက်မှု အရည်အသွေးပြည့်ဝပြီး၊ လူတိုင်းလက်လှမ်းမီရေးဆိုတဲ့ ရည်မှန်းချက်အတိုင်း၊ ရှောင်လွှဲ၍ရနိုင်သော မျက်မမြင်ခြင်းနှင့် အမြင်အာရုံချို့တဲ့ခြင်းမှ လူတိုင်းကြိုတင်ကာကွယ်နိုင် ရေးအတွက် ကျေးရွာများအထိကွင်းဆင်း၍ မျက်စိစစ်ဆေးခြင်း၊ စမ်းသပ်ခြင်း၊ ကုသပေး ခြင်းနှင့် ပညာပေးဟောပြောခြင်းစသော ပဏာမမျက်စိကျန်းမာရေးစောင့်ရှောက်မှု (Primary Eye Care)ကို ပိုမိုကျယ်ပြန့်စွာဆောင်ရွက်ရန် လိုအပ်ပါကြောင်း။
  • အမျိုးသားမျက်စိကျန်းမာရေးစီမံကိန်း (၂၀၂၅-၂၀၃၀)အား ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၏ မျက်မမြင်ကာကွယ်ရေးမဟာဗျူဟာဖြစ်သော “လူတိုင်းအတွက် မျက်စိကျန်းမာရေးဆီသို့” “Towards Universal Eye Health” ရည်မှန်းချက်နှင့်အညီ ရေးဆွဲနိုင်ရေးအတွက် ကြိုးပမ်းကြ ရမည်ဖြစ်ပါကြောင်း။
  • မြန်မာနိုင်ငံတွင် အမြင်အာရုံချို့တဲ့ခြင်း လျော့နည်းကျဆင်းစေရေးနှင့် လိုအပ်သော ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို လက်လှမ်းမီစွာ ရရှိနိုင်ရေးနှင့်အတူ အရည်အသွေးပြည့်ဝသော မျက်စိကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများဖြစ်စေရေးအတွက် နှီးနွယ်ဝန်ကြီးဌာနများနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ ဝိုင်းဝန်းပါဝင်ကူညီဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း
    ပြောကြားခဲ့ပါသည်။

     အဆိုပါ “မြန်မာနိုင်ငံတွင်မျက်စိကျန်းမာရေးစောင့်ရှောက်မှု တိုးမြှင့်ဆောင်ရွက်နိုင်ရေးညှိနှိုင်း အစည်းအဝေး” သို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေး မှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မျက်စိအထူးကု ဆရာဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ တာဝန်ရှိသူများနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။t. His many legs, pitifully thin compared with the size of the rest of him, waved about helplessly as he looked. “Whats happened to me?” he thought.