မုန်တိုင်းသင့် ရခိုင်ပြည်နယ်၌ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာလုပ်ငန်းများ၊ အဆောက်အဦ ပြင်ဆင်ရေးလုပ်ငန်းများနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

နေပြည်တော်၊ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၉ ရက်

     မုန်တိုင်းသင့် ရခိုင်ပြည်နယ်၌ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာလုပ်ငန်းများနှင့် အဆောက်အဦ ပြင်ဆင်ရေးလုပ်ငန်းများနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း ဦးဆောင်၍ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့တွင် ကျန်းမာရေးဝန်ကြီးဌာန Central Command Center ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

     အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌနှင့်အတူ ရခိုင်ပြည်နယ်အတွင်း ခရီးစဉ်သို့ လိုက်ပါ၍ ဆေးရုံ၊ ကျန်းမာ ရေးဌာနများကို ကြည့်ရှုခဲ့ရာ ဆေးရုံများ ဆေးကုသရေးလုပ်ငန်းများကို အကောင်းဆုံးကြိုးစား ဆောင် ရွက်လျက်ရှိသည်ကိုတွေ့ရှိရပါကြောင်း၊ မုန်တိုင်းဒဏ်ကြောင့်ပျက်စီးသွားသော အ‌ဆောက်အဦ ပြင်ဆင် ရေးအတွက် ကျန်ရှိနေသည့် လုပ်ငန်းများကို အမြန်ဆောင်ရွက်ပြီးစီးနိုင်ရေးအတွက် လိုအပ်သည်များကို ပံ့ပိုး ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ အဆောက်အဦများပြင်ဆင်ကြရာတွင် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် အခြေခံအဆောက်အဦများကို မူလအခြေနေထက် ပိုမိုကောင်းမွန်အောင်ဆောင်ရွက်ရေးနှင့် မုန်တိုင်းဒဏ်ခံနိုင်သည့် အဆောက်အဦ များဖြစ်စေရေးအတွက် တစ်ပါတည်းထည့်သွင်းစဉ်းစားကာ ပြင်ဆင်ဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း၊ လိုအပ်သည့် ဆေးရုံသုံးပစ္စည်းများ၊ ကျန်းမာရေးဝန်ထမ်း အင်အားဖြည့်ဆည်းခြင်းနှင့် လိုအပ်ချက်များ ဖြည့်ဆည်းခြင်းကို ဝန်ကြီးဌာန အနေဖြင့် ရေတို၊ ရေရှည် လုပ်ငန်းများ သတ်မှတ်၍ အမြန်ဆုံးဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ ဆေးကုသရေးလုပ်ငန်းများတွင် လူနာများအား သတ်မှတ် စံနှုန်းများနှင့်အညီ ထားရှိကုသပေးနိုင်ရေးအတွက် လူနာဆောင်များ တိုးချဲ့ခြင်း၊ လူနာခုတင်များ သတ်မှတ်အကွာအဝေးအတိုင်းထားရှိခြင်း၊ ဆေးနှင့်ဆေးပစ္စည်းများ ဖြည့်ဆည်းခြင်းတို့ကို ဆောင်ရွက်ရန်၊ ဆေးရုံများ၌ ရောဂါပိုးကူးစက်မှု ကာကွယ်နိုင်ရေးအတွက် သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ရန်၊ လူနာများ ဆေးရုံတက်ရောက် ကုသမှုခံယူရာတွင် စိတ်အေးချမ်းသာစွာဖြင့် ကုသမှုခံယူနိုင်စေရေးအတွက် ဆေးရုံများ၏ ဥပဓိရုပ် ကောင်းမွန် စေရေးကိုလည်း ဆက်လက် ဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ ဆေးကုသရေးလုပ်ငန်းများ အင်အားပြည့် ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့် အထူးကုဆရာဝန်များကိုလည်း စိစစ်ဖြည့်ဆည်း ပေးမည်ဖြစ်ပါကြောင်း၊ အထူးကုဆေးအဖွဲ့ များကိုလည်း စေလွှတ်၍ ကျန်းမာရေးစောင့်ရှောက်မှုများ ကူညီဆောင်ရွက်နိုင်ရေး စီစဉ် ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ အဆောက်အဦများ ပြင်ဆင်ရေး ဆောင်ရွက်ရာတွင် လုပ်ငန်းများ ဖောင်းပွမှု မရှိစေရေးအတွက် ဆောင်ရွက်မည့်စာရင်းတို့အား သေချာစွာ စိစစ်တင်ပြကြရန် ဖြစ်ပါ ကြောင်း၊ အဆောက်အဦများ ပြင်ဆင်မှုဆောင်ရွက်ရာတွင် အရေးပေါ်အခြေအနေ၌ လျင်မြန်စွာ ဆောင်ရွက် ရသော်လည်း လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ရန်နှင့် လိုအပ်သော စာရွက် စာတမ်းများ ပြည့်စုံစွာ စီစဉ်ဆောင်ရွက်ကြရန်နှင့် အလေအလွင့်မရှိအောင် လိုအပ်ပါကြောင်း၊ ပြန်လည် ပြုပြင်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်ဆေးရုံ၊တိုက်နယ်ဆေးရုံ၊ ကျေးလက်ကျန်းမာရေး ဌာန၊ ကျေးလက်ကျန်းမာရေးဌာနခွဲ စသဖြင့် ဦးစားပေးအစီအစဉ်အလိုက် တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ ပြန်လည်တည်ဆောင်ရေး လုပ်ငန်းအမြန်ဆုံး ပြီးစီးစေရေးအတွက် အားလုံးက ဝိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်း၊ မုန်တိုင်းကာလနှင့် မုန်တိုင်းလွန် ကာလများ၌ ကျန်းမာရေး စောင့်ရှောက်မှုများ စဉ်ဆက်မပြတ် ဆက်လက် ဆောင်ရွက်နိုင်အောင် ကြိုးပမ်း ဆောင်ရွက်ပေးကြသဖြင့် ဝန်ကြီးဌာနအနေဖြင့်မှတ်တမ်းတင်ဂုဏ်ယူပါကြောင်း ပြောကြားခဲ့ပါသည်။ 

     ဆက်လက်၍ ရခိုင်ပြည်နယ်ရှိမြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးအသီးသီးက မုန်တိုင်းဒဏ်ကြောင်းထိခိုက်ပျက်စီးခဲ့ရသည့် အဆောက်အဦများ ပြင်ဆင်ရေးနှင့်ပတ်သက်၍ မြို့နယ်များအလိုက် လုပ်ငန်းတစ်ခုချင်းစီအတွက်အသေးစိတ်တွက်ချက်မှုများနှင့် ကုသရေးလုပ်ငန်း ဆိုင်ရာများကို ရှင်းလင်းတင်ပြကြပါသည်။ တင်ပြချက်များအပေါ် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်တို့ကပြန်လည်ဆွေးနွေးမှာကြားကာ လိုအပ်သည်များကိုဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတ ရရှိပါသည်။