|
သူနာပြုသင်တန်းကျောင်းနေပြည်တော်၊ ဩဂုတ်လ(၂၄)ရက် ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလုပ်ငန်းဆိုင်ရာအလုပ်အကိုင်ကျွမ်းကျင်မှု“စံ”သတ်မှတ်ရေး ကော်မတီမှ အကူသူနာပြု(အဆင့်-၂)အလုပ်အကိုင်အတွက် အမျိုးသားအဆင့်ကျွမ်းကျင်မှုစစ်ဆေး အကဲဖြတ်ရေးဌာနတွင် ကုသရေးဦးစီးဌာနမှ NSSA အသိအမှတ်ပြု အကူသူနာပြု(အဆင့်-၂) သင်ရိုးညွှန်းတမ်းဖြင့် အောင်မြင်ထားသည့် အကူသူနာပြုများအတွက် NSSA အသိအမှတ်ပြု ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်လက်တွေ့ဆောင်ရွက်နေခြင်းကိုကျန်းမာရေးလုပ်ငန်းဆိုင်ရာအလုပ်အကိုင် ကျွမ်းကျင်မှု“စံ”သတ်မှတ်ရေးကော်မတီ ဥက္ကဋ္ဌ၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်ထွန်း၊နည်းပညာ၊သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ်ဦးဌေးသွင်နှင့် မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု“စံ”သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့(NSSA)၊ တွဲဖက်အတွင်းရေးမှူး၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင်၊ ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးနှင့်အသိအမှတ်ပြုရေးကော်မတီ (ACC)၊အတွင်းရေးမှူး၊ စက်မှုစစ်ဆေးရေးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ညွှန်ကြားရေးမှူး၊ဦးအောင်ကိုဝင်း၊ကျန်းမာရေးလုပ်ငန်းဆိုင်ရာအလုပ်အကိုင်ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေးကော်မတီမှ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများမှ (၂၄-၈-၂၀၂၃) ရက်နေ့ နံနက်(၉:၀၀)နာရီတွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပါသည်။ |
|
![]() |
![]() |
| အကူသူနာပြု(အဆင့်-၂)အလုပ်အကိုင်အတွက် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရာတွင် စာတွေ့ လက်တွေ့ဖြင့် အဆင့်ဆင့် စိစစ်အကဲဖြတ်ခြင်းကို (၂၁-၈-၂၀၂၃) ရက်နေ့ မှ (၂၆-၈-၂၀၂၃) ရက်နေ့ထိ ဆောင်ရွက်လျက်ရှိရာ အကူသူနာပြု(အဆင့်-၂)တစ်ဦး တတ်ကျွမ်းရမည့် အခြေခံသူနာပြုစုမှု(၇)မျိုး (ခံတွင်းသန့်ရှင်းပေးခြင်း၊ရေပတ်တိုက်ပေးခြင်း၊ချိုင်းမှအပူချိန်တိုင်းတာခြင်း၊ သွေးခုန်နှုန်းနှင့်အသက်ရှူနှုန်း တိုင်းတာခြင်း၊ သွေးဖိအားတိုင်းတာခြင်း၊ လူနာရှိသောအိပ်ရာခင်းခြင်း၊ လူနာမရှိသောအိပ်ရာခင်းခြင်း၊ လူနာကို ရွှေ့ပြောင်းခြင်း)တို့ကို သတ်မှတ်စံနှုန်းများနှင့် ပြည့်မီအောင် ဆောင်ရွက်နိုင်ခြင်း ရှိ/မရှိ အကဲဖြတ်ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးခဲ့ကြပါသည်။ | |
![]() |
![]() |
|
အဆိုပါ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်မှုတွင် ကုသရေးဦးစီးဌာနမှ အကူသူနာပြု(၁၄)ဦး ဝင်ရောက်ဖြေဆိုနေပြီး၊ ကုသရေးဦးစီးဌာန နှင့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ သူနာပြု အရာထမ်း/အမှုထမ်း(၃၀)ဦး On the Job Training (Volunteer Assessor)များအဖြစ် ပါဝင် ဆောင်ရွက်နေကြကြောင်း သတင်းရရှိပါသည် |
|
ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလုပ်ငန်းဆိုင်ရာ အလုပ်အကိုင်ကျွမ်းကျင်မှု“စံ”သတ်မှတ်ရေးကော်မတီ၊ အမျိုးသားအဆင့်ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဌာန(နေပြည်တော်)တွင် အကူသူနာပြု (အဆင့်-၂)အလုပ်အကိုင်အတွက် ကျွမ်းကျင်မှုလက်တွေ့စစ်ဆေးအကဲဖြတ်နေမှု များကို မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု“စံ”သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့(NSSA)၊ ကျန်းမာရေး လုပ်ငန်းဆိုင်ရာအလုပ်အကိုင်ကျွမ်းကျင်မှု“စံ”သတ်မှတ်ရေးကော်မတီ၊ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေး နှင့်အသိအမှတ်ပြုရေးကော်မတီ(ACC)နှင့် နည်းပညာ၊သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန တို့မှ တာဝန်ရှိသူများ လာရောက်ကြည့်ရှုစစ်ဆေးခြင်း
in




