နေပြည်တော်၊ နိုဝင်ဘာလ(၃)ရက်
မြန်မာနိုင်ငံသွားဘက်ဆိုင်ရာဆေးပညာညီလာခံ(၂၀၂၃)ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ လ(၃)ရက်နေ့ နံနက်(၉)နာရီအချိန်တွင် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂၊ နေပြည်တော်တွင် ကျင်းပရာ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာ ဘရွှေ၊ ပညာရေး၊ ကျန်းမာရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး ကော် မတီဝင်များ၊ နေပြည်တော်ကောင်စီဥက္ကဌ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဆေးဝန်ထမ်းညွှန်ကြား ရေးမှူးရုံးမှ ညွှန်ကြားရေးမှူး၊ ညွှန်ကြားရေးမှူးချုပ်များ၊ အငြိမ်းစား ပြည်ထောင်စုဝန်ကြီးများ၊ သွားနှင့်ခံတွင်းဆေးပညာရပ်ဆိုင်ရာ ပါမောက္ခချုပ်များနှင့် ပါမောက္ခများ၊ မြန်မာနိုင်ငံ သွား ဘက်ဆိုင်ရာ ဆေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သွားနှင့်ခံတွင်းဆေးပညာ နယ်ပယ်မှ ပြည်တွင်း ပြည်ပပညာရှင်များ၊ ဘွဲ့လွန် ကျောင်းသား/ ကျောင်းသူများ တက်ရောက်သည်။
အခမ်းအနား ပထမပိုင်းအဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာ ဘရွှေ၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူး ဗိုလ်ချုပ် ကိုကိုလွင်၊ မြန်မာနိုင်ငံ သွားဘက်ဆိုင်ရာဆေးကောင်စီဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ ပိုင်စိုးတို့က ညီလာခံဖွင့်ပွဲအထိမ်းအမှတ်မုဒ်ဦးကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးသည်။
ထို့နောက် ဒုတိယပိုင်းအခမ်းအနားကို Banquet Hall ၌ ဆက်လက်ကျင်းပရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေ က အဖွင့်အမှာစကား ပြောကြား ရာတွင် –
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် လူမှုရေးဦးတည်ချက်တစ်ရပ် ဖြစ်သည့် တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်း မာရေးကဏ္ဍနှင့် အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေးကို ဆောင်ရွက်လျက်ရှိရာ နိုင်ငံ သားကောင်း ကျန်းမာရေးဝန်ထမ်းများသည် ပြည်သူများ၏ ကိုယ်စိတ်နှစ်ပါး ကျန်းမာ ကြံ့ခိုင် စေရေး ပြုစုကုသပေးနေခြင်း အတွက် အလွန်ပင် ဂုဏ်ယူမိကြောင်း၊
သွားနှင့်ခံတွင်းရောဂါသည် ကမ္ဘာပေါ်တွင် လူပေါင်း(၃.၅)ဘီလီယံခန့် ခံစားနေရသည့် ရောဂါဖြစ်ပြီး ကမ္ဘာ့လူဦးရေ၏ (၄၂%)ကျော် ခံစားနေရခြင်းဖြစ်၍ ကမ္ဘာပေါ် တွင် အများဆုံး ခံစားနေရသည့် ရောဂါဖြစ်ကြောင်း၊
ညီလာခံ၏ ရည်ရွယ်ချက်များအနေဖြင့် သွားဘက်ဆိုင်ရာကျန်းမာရေး စောင့်ရှောက်မှု ပေးနေသူများအချင်းချင်းချစ်ကြည်ရင်းနှီးမှုရရှိစေရန်၊ သွားဘက်ဆိုင်ရာဆေးပညာရပ် အရည် အသွေး မြင့်မားတိုးတက်မှုကို အထောက်အကူဖြစ်စေရန်၊ ခေတ်နှင့်အညီ နိုင်ငံတကာ အဆင့်မီ လေ့လာသင်ကြားနိုင်သည့် အခွင့်အလမ်းများ ရရှိစေရန်၊ စဉ်ဆက်မပြတ် လေ့လာဆည်းပူး နိုင်စေရန်၊ အငြိမ်းစား သွားဘက်ဆိုင်ရာ ဆရာဝန်ကြီးများမှ မျိုးဆက်သစ်များအား ပညာအမွေ လက်ဆင့်ကမ်း ပေးနိုင်စေရန်၊ တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနရှိ သွားဘက်ဆိုင်ရာ ဆရာဝန်များ ပူးပေါင်းဆောင်ရွက်နေမှုများ ပိုမိုရင်းနှီးအား ကောင်းလာစေရန် စသည့် ရည်ရွယ် ချက်များဖြင့်ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း၊
ယခင်ကသွားဘက်ဆိုင်ရာညီလာခံကို အသင်းအဖွဲ့များအနေဖြင့် ဆောင်ရွက်ခဲ့သော် လည်း ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားသည့်ကာလမှစ၍ ညီလာခံကို ကျင်းပနိုင်ခြင်းမရှိဘဲ ယခုအခါ ကျန်းမာရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှုဖြင့် သွားဘက်ဆိုင်ရာ ဆေးပညာ ညီလာခံ (၂၀၂၃)ကို ကျင်းပပြုလုပ်နိုင်သည့်အတွက် အထူးပင်နှစ်ထောင်းအားရ ရှိကြောင်း၊
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ်က လူ့အသက်ထက် မည် သည့်အရာမှ အရေးမကြီးကြောင်းနှင့် လူ့အသက်ကိုသာ အဓိကထားကယ်တင်ရမည်ဟု လမ်း ညွှန်ခဲ့သည့်အတိုင်း ပြည်သူတစ်ရပ်လုံး၏ ကျန်းမာရေးနှင့် ပတ်သက်လာပါက နိုင်ငံတော်က လိုအပ်ချက်များကို အစွမ်းကုန်တိုးမြှင့် ဖြည့်ဆည်းပေးလျက် ရှိကြောင်း၊
ပြည်သူ့ဆေးရုံကြီးများတွင် မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာ များကို အခမဲ့ခွဲစိတ် ကုသပေးနေပြီး ခံတွင်းကင်ဆာရောဂါများကိုလည်း အထူးကျွမ်းကျင်ပိုင်နိုင်စွာ ကုသပေး နေ ကြောင်း ဂုဏ်ယူဖွယ်သိရှိရ၍ လူနာများကိုယ်စား အထူးပင်ကျေးဇူးတင်ရှိကြောင်း၊ နိုင်ငံ တော်ဘက်မှလည်း တန်ဖိုးအလွန်ကြီးမြင့်သည့် ဓာတ်ရောင်ခြည်ဖြင့် ကုသမှုပေးသည့် စက် များကို တိုးမြှင့်တပ်ဆင်ပေးလျက်ရှိကြောင်း၊ သွားနှင့်ခံတွင်း ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို တိုင်းရင်းသား များရှိရာ ဒေသများသို့ သွားရောက်ဆောင်ရွက်ခဲ့ခြင်းများနှင့် ပတ်သက်၍ ပိုမိုတိုးမြှင့် ဆောင်ရွက်ရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်းက သွားနှင့်ခံတွင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်း လင်းပြောကြားရာတွင် သွားနှင့်ခံတွင်းဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်များ တိုးမြှင့် ခန့်အပ် တာဝန်ပေးနိုင်ခဲ့သည့် အခြေအနေ၊ ကိုယ်ဝန်ဆောင်မိခင် မှ စတင်၍ ကလေးသူငယ်အရွယ်၊ ကျောင်းနေအရွယ်၊ ပျိုရွယ်သူအရွယ်စသည့် အရွယ်ရောက်ပြီးချိန်မှစတင်၍ သက်ကြီးရွယ်အို အရွယ်အထိ သွားနှင့်ခံတွင်းကျန်းမာရေး စောင့်ရှောက်မှုများဆောင်ရွက်ပေးနေသည့် အခြေ အနေများ၊
အနာဂတ်နိုင်ငံတော် တည်ဆောက်ရာတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်လာမည့် လူငယ်များအတွက် အသိပညာ၊ အတတ်ပညာ၊ စာရိတ္တနှင့် ဘက်စုံဖွံ့ဖြိုး တိုးတက်စေမည့် ပညာရေးစနစ်ကိုဖော်ဆောင်ရာတွင် ကျန်းမာကြံ့ခိုင်သည့် ကျောင်းသူ/ကျောင်းသားများ ဖြစ်လာစေရန် ငယ်ရွယ်နုနယ်စဉ်မှစ၍ ကျန်းမာရေး အသိပညာများ၊ အလေ့အကျင့်ကောင်း များရရှိစေရန်အတွက် သွားနှင့်ခံတွင်းကျန်းမာရေး စောင့်ရှောက်မှုများ ပါဝင်သည့် ကျောင်း ကျန်းမာရေးလုပ်ငန်းများကို အထူး အလေးပေး ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊
သွားနှင့်ခံတွင်းကျန်းမာရေး စောင့်ရှောက်မှုများဆောင်ရွက်ရာတွင် လိုအပ်သည့် ဆေး နှင့်ဆေးပစ္စည်းများ၊ ခေတ်မီစက်ကိရိယာများကို အလုံအလောက် ဝယ်ယူဖြည့်ဆည်းပေး နေသည့် အခြေအနေများ၊
ကျန်းမာရေးဝန်ကြီးဌာနမှ ကျန်းမာရေးဝန်ထမ်းများနှင့် ကာကွယ်ရေးဝန်ကြီးဌာန ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံးလက်အောက်ရှိ ဆေးဝန်ထမ်းများနှင့် ပူးပေါင်း၍ ဝေးလံခက်ခဲ ဒေသများအထိ ကုန်းကြောင်း၊ ရေကြောင်းများဖြင့် အတူတကွ ကွင်းဆင်းကုသ ပေးလျက်ရှိ သည့်အခြေအနေများကို ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ သွားဘက်ဆိုင်ရာ ဆေးကောင်စီဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာပိုင်စိုး က ညီလာခံနှင့်ပတ်သက်၍လည်းကောင်း သွားနှင့်ခံတွင်းဆရာဝန်များ၏ ကျင့်ဝတ်သိက္ခာနှင့် ပတ်သက်၍လည်းကောင်း တင်ပြပြီးနောက် ကျန်းမာရေးဝန်ကြီးဌာန၏ ဆောင်ရွက်ချက် မှတ်တမ်း (Documentary Video Clip)ကို ပြသသည်။
ဖွင့်ပွဲအခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စု ဝန်ကြီးများနှင့် ဧည့်သည်တော်များသည် မြန်မာနိုင်ငံ သွားဘက်ဆိုင်ရာဆေးပညာ ညီလာခံ (၂၀၂၃)တွင်ခင်းကျင်းပြသထားသည့် သုတေသနစာတမ်းမျာနှင့် ပြခန်းများကို လှည့်လည် ကြည့်ရှုကြသည်။
ယခုညီလာခံအကြို လှုပ်ရှားမှုများအနေဖြင့် ပုသိမ်ပြည်သူ့ဆေးရုံကြီးတွင် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများကို အခမဲ့ခွဲစိတ်ကုသပေးခြင်း၊ နေပြည်တော်သွားနှင့်ခံတွင်း အထူးကု ဆေးရုံတွင် သက်ကြီးဘိုးဘွားများအား သွားတုအံကပ် အခမဲ့တပ်ဆင်ပေးခြင်းနှင့် နေပြည် တော် ပြည်သူ့ဆေးရုံကြီး(ခုတင်-၁၀၀၀)တွင် ကိုရီးယားသမ္မတနိုင်ငံမှ ခွဲစိတ်ဆရာဝန်ကြီး များ နှင့်ပူးပေါင်း၍ မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများကို အခမဲ့ ခွဲစိတ်ကုသ ပေးခဲ့သည်။
ထို့ပြင် ညီလာခံကျင်းပသည့် ကာလအတွင်းတွင် ကျန်းမာရေး ဝန်ကြီးဌာနအောက်ရှိ ကုသရေးဦးစီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံမှ Korea University Medicine တို့သည် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ခွဲစိတ်ကုသခြင်း များနှင့်ပတ်သက်၍လည်းကောင်း၊ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာနအောက်ရှိ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(ရန်ကုန်)၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(မန္တလေး)တို့နှင့် ထိုင်းနိုင်ငံရှိ Khon Kaen University တို့သည်လည်း သွားဘက်ဆိုင်ရာဆေးပညာရပ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ လည်း ကောင်း နားလည်မှုစာချွန်လွှာ (MOU) လက်မှတ်ရေးထိုးကြမည်ဖြစ်ကြောင်းသိရသည်။
မြန်မာနိုင်ငံသွားဘက်ဆိုင်ရာဆေးပညာညီလာခံကို“အရည်အသွေးပြည့်..သွားကျန်းမာ ရေး ပြည်သူ့ထံသို့ ဆောင်ကြဉ်းပေး” ဆောင်ပုဒ် ဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ကြီးမှူး၍ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ(၃)ရက်မှ (၄)ရက်နေ့အထိ ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး အဆိုပါ ညီလာခံသို့ ထိုင်းနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံနှင့် မလေးရှားနိုင်ငံအပါအဝင် နိုင်ငံပေါင်း (၅) နိုင်ငံမှ သွားဘက်ဆိုင်ရာဆေးပညာရှင်များ နှင့် ပြည်တွင်းမှ သွားဘက်ဆိုင်ရာ ဆေးပညာရှင်များက အဆင့်မြင့်အရည်အသွေးမီ ကုသမှုနည်း စနစ် များကို ဟောပြောပို့ချ ကြမည်ဖြစ်ပြီး ပညာရပ်ဆိုင်ရာစာတမ်း (ပိုစတာ) (၃၂)စောင်နှင့် စာတမ်းဖတ်ပွဲ (၃၀)ခု ပါဝင်ပြီး ညီလာခံတက်ရောက်သူ ၆၅၀ ဦးခန့်ရှိကြောင်းသိရသည်။
နေ့လယ်ပိုင်းတွင် ညီလာခံပညာရပ်ဆိုင်ရာဆွေးနွေးပွဲ (Academic Session)များ၏ ဖွင့်ပွဲ အခမ်းအနားကိုကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာ အေးထွန်း က တက်ရောက်အဖွင့်အမှာစကားပြောကြားသည်။ ၎င်းနောက်ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲများကို ဆက်လက်ဆောင်ရွက်ပြီး စာတမ်းရှင်များကို ဒုတိယဝန်ကြီးနှင့် သက် ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်များက ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။
