နေပြည်တော်၊ နိုဝင်ဘာလ(၄)ရက်
မြန်မာနိုင်ငံသွားဘက်ဆိုင်ရာဆေးပညာညီလာခံ(၂၀၂၃)ကို မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂၊ နေပြည်တော်တွင် နိုဝင်ဘာ(၃)ရက်နေ့နှင့် (၄)ရက်နေ့တို့တွင် ကျင်းပ ပြုလုပ်လျက်ရှိရာ ညီလာခံပထမနေ့ဖြစ်သည့် နိုဝင်ဘာ (၃)ရက်နေ့ မွန်းလွဲပိုင်းတွင် ကျန်းမာ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ကုသရေးဦးစီး ဌာနနှင့်် ကိုရီးယားသမ္မတနိုင်ငံ Korea University Medicine တို့အကြား နှုတ်ခမ်းကွဲ၊ အာခေါင် ကွဲ လူနာများခွဲစိတ်ကုသခြင်းဆိုင်ရာ ဆေးလက်တွေ့အသိပညာဖလှယ်ရေး နားလည်မှု စာ ချွန်လွှာ(MOU) လက်မှတ်ရေးထိုးခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံတွင် နှုတ် ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများ ခွဲစိတ်ကုသခြင်းဆိုင်ရာ လုပ်ငန်းများ တိုးမြှင့် ဆောင်ရွက် နေခြင်းကို ပြောကြားခဲ့သည်။
ထို့နောက် ကုသရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးနှင့်ကိုရီးယားသမ္မတနိုင်ငံ Korea University Medicine မှ Director Professor Kim Deok-Woo တို့သည် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများခွဲစိတ်ကုသခြင်းဆိုင်ရာ ဆေးလက်တွေ့ အသိ ပညာဖလှယ်ရေး နားလည်မှု စာချွန်လွှာ(MOU)ကို လက်မှတ်ရေးထိုးခဲ့သည်။ ၎င်းနောက် Korea University Medicine မှ Director Professor Kim Deok-Woo က ကျေးဇူးတင် စကားပြောကြားသည်။
ညီလာခံ ပထမနေ့တွင် ပြည်ပ ပညာရှင်များ ဖြစ်ကြသော ထိုင်းနိုင်ငံ Khon Kaen University မှ ပါမောက္ခများ က မေးရိုးခံတွင်းကင်ဆာနှင့်ပတ်သက်၍ လည်းကောင်း၊ ကလေး သွားများတွင် ဖြစ်တတ်သော မာကျောမှုအဆင့်မမီခြင်းနှင့် ပတ်သက်၍လည်းကောင်း၊
Mahidol University မှ ပါမောက္ခ က မျက်နှာ၊ မေးရိုးနှင့်ခံတွင်းခွဲစိတ်ကုသမှုနှင့် ဆန်းသစ်တီ ထွင်မှုများအကြောင်းနှင့် Chulalongkorn University မှ ပါမောက္ခ က ခံတွင်းအတွင်းရှိ အဏု ဇီဝပိုးမွှားများ အကြောင်းကို အသီးသီး ဆွေးနွေးတင်ပြခဲ့ကြသည်။ ထို့အတူ တပ်မတော် ဆေး တက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာဇော်ဝင်းထွန်းနှင့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် (မန္တလေး) မှ ပါမောက္ခ ဒေါက်တာထွန်းငွေတို့ က မေးရိုးနှင့် သွားနှင့်ခံတွင်း ဆေးပညာဆိုင်ရာ ဆွေးနွေး ဟောပြောမှုများကိုဆောင်ရွက်ခဲ့သည်။
ညီလာခံဒုတိယနေ့၊ နိုဝင်ဘာ(၄)ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် သွားဘက်ဆိုင်ရာ ဆေးပညာရှင်များ၏ ပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲသို့ တက်ရောက် အား ပေးခဲ့ပြီး သဘာပတိနှင့်ဆွေးနွေးဟောပြောသူများအား မှတ်တမ်းတင်ဂုဏ်ပြုလွှာများ ချီးမြှင့် သည်။ အလားတူ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်း သည် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ညွန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာ တင်ထွန်း၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်(ရန်ကုန်)၊ ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာရွှေတိုး၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(မန္တလေး)၊ ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာကျော်သီဟနှင့် ထိုင်းနိုင်ငံ Faculty of Dentistry, Khon Kaen University မှ Dean Professor Ajiravudh Subarnbhesaj တို့အကြား ဆေးလက်တွေ့အသိပညာ ဖလှယ်ရေး၊ သင်ကြားရေးနှင့် သွားနှင့်ခံတွင်းဆေးပညာ သုတေသနလုပ်ငန်းများကို ပူးပေါင်း၍ တိုးမြှင့် ဆောင်ရွက်နိုင်ရေး နားလည်မှုစာချွန်လွှာ (MOU) သက်တမ်းတိုး လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို တက်ရောက်သည်။
ညီလာခံဒုတိယနေ့တွင် ကိုရီးယားသမ္မတနိုင်ငံမှ Korea University Medicine မှ ပါမောက္ခများ က သွားမြစ်တုအစားထိုး ကုသမှုများ ကိုလည်းကောင်း၊ ဂျပန်နိုင်ငံ၊ Japan Heart Foundation မှ ပါမောက္ခ က နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများ ခွဲစိတ်ကုသ ခြင်းအကြောင်းနှင့် မလေးရှားနိုင်ငံ၊ International Medical University မှ သွားနှင့် ခံတွင်းခွဲစိတ် ဆရာဝန် က မျက်နှာ၊ မေးရိုးနှင့်ခံတွင်းခွဲစိတ် ကုသမှုများအကြောင်း တို့ကို ဆွေးနွေး တင်ပြကြသည်။ ထို့အတူ မြန်မာနိုင်ငံ သွားဘက် ဆိုင်ရာဆေးကောင်စီဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ ပိုင်စိုးနှင့် အဖွဲ့ဝင် ပါမောက္ခ ဒေါက်တာ မျိုးဝင်းတို့က က သွားနှင့်ခံတွင်း ဆရာဝန်များ၏ ကျင့်ဝတ်သိက္ခာနှင့် ပတ်သက်၍လည်း ကောင်း၊ သွားဘက်ဆိုင်ရာဆေး တက္ကသိုလ်(မန္တလေး)မှ ဒေါက်တာ အောင်သူဟိန်း၊ ပါမောက္ခ ဒေါက်တာ ဇော်မိုးသိန်း၊ ပါမောက္ခ ဒေါက်တာ အောင်သိန်းထွန်း၊ ပါမောက္ခ ဒေါက်တာ ကျော်တင့်၊ ပါမောက္ခ ဒေါက်တာ ကိုကိုစိုး၊ ပါမောက္ခ ဒေါက်တာ အောင်ဝင်းနှင့် ဆေးတက္ကသိုလ် (၁)ရန်ကုန်မှ ပါမောက္ခ ဒေါက်တာ လှမျိုးနိုင်တို့က မေးရိုးနှင့် သွားနှင့်ခံတွင်းဆေးပညာဆိုင်ရာ ဆွေးနွေး ဟောပြောမှုများကိုဆောင်ရွက်ခဲ့သည်။
မြန်မာနိုင်ငံသွားဘက်ဆိုင်ရာဆေးပညာညီလာခံကို “အရည်အသွေးပြည့်..သွားကျန်းမာ ရေး ပြည်သူ့ထံသို့ ဆောင်ကြဉ်းပေး” ဆောင်ပုဒ်ဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ကြီးမှူး၍ ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ညီလာခံ ဒုတိယနေ့ အစီအစဉ်များတွင် စာတမ်းဖတ်ပွဲ (parallel session) (၂၅)ခုပါဝင်ပြီး ဒုတိယနေ့တွင် ညီလာခံတက်ရောက်သူ ၆၀၀ ဦး ခန့်ရှိကြောင်း သိ ရသည်။
