မြန်မာနိုင်ငံ ပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ(၂၀၂၃)အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် အခြေခံကျန်းမာရေးဝန်ထမ်းများအတွက် အဓိက မကူးစက်နိုင်သော ရောဂါများ၊ နှလုံးနှင့်နှလုံးသွေးကြောရောဂါ ကာကွယ်ခြင်းနှင့် အခြေခံကုထုံးလမ်းညွန် တိုင်းအဆင့် ဆရာဖြစ်သင်တန်း ကျင်းပ

နေပြည်တော်၊ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၂ ရက်

     မြန်မာနိုင်ငံ ပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃) အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် နိုဝင်ဘာလ ၂၂ ရက်နေ့မှ ၂၄ ရက်နေ့အထိ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ အခြေခံကျန်းမာရေးဝန်ထမ်းများအတွက် အဓိက မကူးစက်နိုင်သော ရောဂါများ၊ နှလုံးနှင့်နှလုံးသွေးကြောရောဂါ ကာကွယ်ခြင်းနှင့် အခြေခံကုထုံးလမ်းညွန် တိုင်းအဆင့် ဆရာဖြစ်သင်တန်းကို ကျင်းပရာ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူးချုပ်(ရောဂါနှိမ်နင်းရေး) ဒေါက်တာကျော်ကံကောင်း က အဖွင့်အမှာစကားပြောကြားပြီး နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းနိုင်စိုး က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။

     အဆိုပါ ဆရာဖြစ်သင်တန်းသို့ ညွန်ကြားရေးမှူး(မကူးစက်) ဒေါက်တာသီတာဝင်း၊ ဆီးချိုရောဂါကာကွယ်ကုသရေးစီမံချက်မန်နေဂျာ သမားတော်ကြီး ဒေါက်တာမော‌င်မောင်သန့်နှင့် အထူးကုဆရာဝန်ကြီးများ၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ညွန်ကြားရေးမှူး(ပြည်သူ့ကျန်းမာ) ဒေါက်တာအေးအေးမာနှင့် ဆေးရုံအုပ်ကြီးများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ အခြေခံကျန်းမာရေးဝန်ထမ်းများတက်ရောက်ကြောင်းသိရသည်။