မြန်မာနိုင်ငံပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ(၂၀၂၃)ကိုကြိုဆိုဂုဏ်ပြုသောအား ဖြင့်ဧရာဝတီတိုင်း‌ဒေသကြီး၊ အိမ်မဲမြို့တွင် ကျန်းမာရေးစကားဝိုင်းဆောင်ရွက်

အိမ်မဲ၊ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၉ ရက်

     မြန်မာနိုင်ငံပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ (၂၀၂၃) ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်ဧရာဝတီတိုင်း‌ဒေသကြီး၊ အိမ်မဲမြို့တွင် ကိုယ်ဝန်ဆောင်မိခင်များအတွက် မွေးဖွားရန် ကြိုတင်ပြင်ဆင်ခြင်းနှင့် ဖြစ်ပေါ်လာနိုင်မည့်အရေးပေါ် အခြေအနေများအတွက် ကြိုတင်အစီအစဥ်ရေးဆွဲခြင်းနှင့်ပတ်သက်ပြီး ကျန်းမာရေးစကားဝိုင်းကို မြို့နယ် ကျန်းမာရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ World Vision Myanmar Einme တို့မှ တာဝန်ရှိသူများကဆောင်ရွက်ခဲ့ပါသည်။