ပျဉ်းမနား၊ နိုဝင်ဘာ ၃၀
မြန်မာနိုင်ငံပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ (၂၀၂၃) ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် အကြိုလှုပ်ရှားမှုအဖြစ် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ခုခံကျ/ကာလသားရောဂါကူးစက်မှုလျှော့ချနိုင်ရေးနှင့် ဖြစ်ပွားမှုကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးပွဲကို ၂၀၂၃ခုနှစ် နိုဝင်ဘာလ(၃၀)ရက်နေ့တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပျဉ်းမနားမြို့နယ်၊ ကန်တော်မင်္ဂလာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ရှေးဦးစွာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ဒေါက်တာ သန်းနိုင်စိုးက အဖွင့်အမှာစကားပြောကြားပြီး HIV/AIDS နှင့်ပတ်သက်သည့် သိကောင်းစရာ အချက်အလက်များနှင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ခုခံကျ/ကာလသားရောဂါတိုက်ဖျက် ရေးလုပ်ငန်းဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းပြောကြားပါသည်။
ဆက်လက်ပြီး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး၊ ဒေါက်တာစည်သူက မိခင်မှကလေးသို့ HIV ပိုးကူးစက်ခြင်းမှ ကာကွယ်ရန် နည်းလမ်းများအကြောင်း ရှင်းလင်းဆွေးနွေးပြောကြားပါသည်။
ထို့နောက် နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခုခံကျ/ကာလသားရောဂါတိုက်ဖျက် ရေးအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် မိတ်ဖက်အဖွဲ့အစည်းဖြစ်သော ပြည်ကြီးခင်မှ ပူးပေါင်းဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေများအား တာဝန်ရှိသူများက ရှင်းလင်းပြောကြား ပါသည်။
ဆက်လက်၍ HIV ပိုးရှိသူ PLHA တစ်ဦးမှ ၎င်းအတွေ့အကြုံများနှင့် ART ဆေးဖြင့် အခမဲ့ကုသမှုများရရှိနေခြင်းကို မျှဝေပြောကြားခဲ့ပြီး တက်ရောက်လာသူများမှ သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့ပါသည်။
အဆိုပါအသိပညာပေးဟောပြောဆွေးနွေးပွဲသို့ အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်နှီးနွယ် ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ နေပြည်တော်အတွင်းရှိ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း အဖွဲ့ဝင်များနှင့် အမျိုးသမီးရေးရာအသင်းအဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူးများနှင့် တာဝန်ရှိသူများ၊ ပြည်သူလူထုများ စုစုပေါင်း လူဦးရေ (၇၅)ဦး တက်ရောက်ခဲ့ကြပါသည်။
