Room C, MICC 2, (6-12-2023), 10:15 am – 12:00 noon
(၆-၁၂-၂၀၂၃) ရက်နေ့တွင် ပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ၌ Parallel Section အဖြစ် ဆောင်ရွက်ခဲ့ရာ Room C တွင် နံနက် (၁၀း၁၅) မှ နေ့လယ် (၁၂း၀၀) အထိ Good Practice on health sector preparedness, response and recovery to disasters maintaining essential Public Health Services (ပြည်သူ့ကျန်းမာရေးလုပ်ငန်းများအား အဆက်မပြတ်စေဘဲ ဆောင်ရွက်ကာ ဘေးအန္တရာယ်များအတွက် ကျန်းမာရေးကဏ္ဍ ကြိုတင်ပြင်ဆင်မှု၊ တုံ့ပြန် ဆောင်ရွက်မှုနှင့် ပြန်လည်ထူထောင်မှုလုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် နမူနာကောင်းများ) ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့ကြရာ သဘာပတိအဖြစ် ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ပါမောက္ခ ဒေါက်တာစိုးလွင်ငြိမ်းနှင့် တွဲဘက်သဘာပတိအဖြစ် ဒုတိယညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ဒေါက်တာသန်းထွန်းအောင်က ဆောင်ရွက်ခဲ့ပါသည်။
အစီအစဉ်
ရှေးဦးစွာသဘာပတိက နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီးနောက်
(က) ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာချိုဝေအောင် (သဘာဝဘေး) က Health Sector Preparedness and Response to Cyclone Mocha by Disaster Management Committee and Ministry of Health ခေါင်းစဉ်ဖြင့် လည်းကောင်း၊
(ခ) ပဲခူးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဇီးကုန်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး – ၁ ဦးသိန်းလှိုင်က Emergency Response to Astonishing Flood Bago (Public Health Approach) ခေါင်းစဉ်ဖြင့် လည်းကောင်း၊
(ဂ) ရခိုင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဇော်ဇော်အောင်က Success Story on Public Health Emergencies Preparedness and Response in Rakhine State, 2023 ခေါင်းစဉ်ဖြင့်လည်းကောင်း၊
(ဃ) ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး (သဘာဝဘေးနှင့်အရေးပေါ်) ဒေါက်တာပြည့်ဖြိုးအောင်က Navigating the Public Health Emergency: Role of Public Health Emergency Operations Centers in Cyclone Mocha ခေါင်းစဉ်ဖြင့်လည်းကောင်း၊
(င) ဧရာဝတီတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနေခြည်ထက်ထက် လင်းအောင်က Preparedness for Cyclone Mocha in Ayeyarwaddy Region ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဟောပြောခဲ့ကြပါသည်။ေ
မေးခွန်းများမေးမြန်းဖြေကြားခြင်း
ထို့နောက် တက်ရောက်လာကြသည့် ပြည်တွင်းနှင့် ပြည်ပပညာရှင်များ၊ ကျန်းမာရေး ဝန်ထမ်းများက မေးခွန်းများမေးမြန်းဆွေးနွေးခြင်းကိုဆောင်ရွက်ခဲ့ကြပါသည်။
အဆိုပါ ဟောပြောဆွေးနွေးပွဲသို့ စုစုပေါင်း (၂၁၀) ဦး တက်ရောက်ခဲ့ပါသည်။
