DAY 2: PARALLEL SESSION: “ONE HEALTH APPROACH IN COMBATING ZOONOTIC DISEASES, FOOD SAFETY AND ANTIMICROBIAL RESISTANCE”

Room C, MICC 2, (7-12-2023), 1:30 pm to 4:00 pm

     (၇-၁၂-၂၀၂၃) ရက်နေ့တွင် ပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ၌ Parallel Session များကို ဆက်လက်ဆောင်ရွက်ခဲ့ပြီး Room C တွင် နေ့လယ် (၁း၃၀) နာရီမှ ညနေ (၄း၀၀) နာရီအထိ “One Health Approach in Combating Zoonotic Diseases, Food Safety and Antimicrobial Resistance” ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့ကြရာ သဘာပတိအဖြစ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာ ခင်ဇော်နှင့် တွဲဘက်သဘာပတိအဖြစ် ဆေးတက္ကသိုလ် (၁) ရန်ကုန်၊ ကာကွယ်ရေးနှင့် လူမှုရေးဆေးပညာဌာနမှ ပါမောက္ခ/ ဌာနမှူး ဒေါက်တာစန်းစန်းဌေးက ဆောင်ရွက်ခဲ့ပါသည်။

အစီအစဉ်

ရှေးဦးစွာသဘာပတိက နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီးနောက်

(က) ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာသဉ္ဇာအောင်က Minimizing Public Health Impacts of Zoonotic Diseases through One Health Approach ခေါင်းစဉ်ဖြင့် လည်းကောင်း၊

(ခ) စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာကျော်ဌေးက Role of Livestock Breeding and Veterinary Department in Prevention and Control of Zoonotic Diseases ခေါင်းစဉ်ဖြင့် လည်းကောင်း၊

(ဂ) ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာမြင့်သိန်းထွန်းက Good Practice in Control of Zoonotic Influenza ခေါင်းစဉ်ဖြင့်လည်းကောင်း၊

(ဃ) အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာပြည့်ဖြိုးက One Health Approach in Food Safety ခေါင်းစဉ်ဖြင့်လည်းကောင်း၊

(င) အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (National Health Laboratory) မှ တွဲဖက်ပါမောက္ခ/ အထူးကုဆရာဝန်ကြီး (Microbiology) ဒေါက်တာသီသီထွန်းက Quadripartite Approach in Fighting Against Antimicrobial Resistance ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဟောပြောခဲ့ကြပါသည်။‌

မေးခွန်းများမေးမြန်းဖြေကြားခြင်း

ထို့နောက် တက်ရောက်လာကြသည့် ပြည်တွင်းနှင့် ပြည်ပပညာရှင်များနှင့် ကျန်းမာရေး ဝန်ထမ်းများက မေးခွန်းများမေးမြန်းဆွေးနွေးခြင်းနှင့် ဟောပြောသူများက ဖြေကြား ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါ ဟောပြောဆွေးနွေးပွဲသို့ စုစုပေါင်း (၉၃) ဦး တက်ရောက်ခဲ့ပါသည်။