Banquet Hall, MICC II, 8.30-10.0 hrs
မြန်မာနိုင်ငံပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ ဒုတိယနေ့ကို (၂၀၂၃)ခုနှစ်၊ ဒီဇင်ဘာလ (၇)ရက်နေ့၊ ကြာသပတေးနေ့တွင် နေပြည်တော်၊ MICC II ၌ ကျင်းပခဲ့ပါသည်။
နံနက်ပိုင်းတွင် Plenary Session ကို “Best practices on effective immunization, communicable diseases prevention and control towards healthy nation” ခေါင်းစဉ်ဖြင့် MICC II ၊ Banquet Hall တွင် နံနက်(၈:၃၀)နာရီမှ (၁၀:၀၀)နာရီအထိ ဆောင်ရွက်ခဲ့ရာ Chair အဖြစ် ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ပါမောက္ခဒေါက်တာအေးထွန်းကလည်းကောင်း၊ Co-Chair အဖြစ် ဒေါက်တာရဲလှ၊ ညွှန်ကြားရေးမှူး(ငြိမ်း)၊ ဆေးသုတေသနဦးစီးဌာနက လည်းကောင်း ဆောင်ရွက်ခဲ့ပါသည်။
အစီအစဉ်
ဥက္ကဌမှ နှုတ်ဆက်စကားပြော၍ speaker များမှ တင်ပြဆွေးနွေးရာ –
(၁) ဒေါက်တာတင်သစ္စာလွင်၊ ညွှန်ကြားရေးမှူး၊ ဗဟိုတိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနက “Immunization in life course approach ကို လည်းကောင်း၊
(၂) ဒေါက်တာညီညီလွင်၊ ဒုတိယတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး(ပြည်သူ့ကျန်းမာ)၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနက “Strengthening access to public health care in Sagaing Region: Should other health services be integrated into immunization”ကိုလည်းကောင်း၊
(၃) ဒေါက်တာလင်းထွဋ်ဦး၊ လက်ထောက်ညွှန်ကြားရေးမှူး(တိုးချဲ့ကာကွယ်ဆေး)၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ရှမ်းပြည်နယ်(ကျိုင်းတုံ)က “Catch-up immunization in Wa Special Region” ကိုလည်းကောင်း၊
(၄) Dr. Anurag Bhargawa, Member, Strategic and Technical Advisory Group on TB for WHO, Geneva(STAG-TB), Professor, Department of Medicine, Yenepoya Medical College, Mangalore, Adjunct Professor, Department of Medicine, McGill University, Montreal, Canada က “Nutritional supplementation to prevent tuberculosis incidence in household contacts of patients with pulmonary tuberculosis in India(RATIONS): a field-based, open-label, cluster-randomized, controlled trial” ကို virtually လည်းကောင်း၊
(၅) Dr. Krishna, Prasad Paudle, Planning & Monitoring Division, Chief consultant Pediatrician, Ministry of Health and Population, Government of Nepal က “Journey towards Malaria Elimination in Nepal” ကိုလည်းကောင်း၊
(၆) Dr. Asha Hegde, Director, HIV/Hepatitis/COVID, South East Asia, PATH က “Delivering the promises to end HIV/AIDS: 95-95-95 ကိုလည်းကောင်း၊
(၇) Dr. Hoang Khanh Chi, HIV Program Director at IRD, visiting lecture at Hanoi University of Public Health, Vietnam က “Promoting Public Health Public-Private Partnership to End AIDS by 20230 in Vietnam” ကိုလည်းကောင်း
တင်ပြဆွေးနွေးခဲ့ကြပါသည်။
ဂုဏ်ပြုမှတ်တမ်းလွှာ(Certificate) ပေးအပ်ခြင်း
ထို့နောက် ဒေါက်တာစိုးလွင်ငြိမ်း၊ ညွှန်ကြားရေးမှူးချုပ်(ငြိမ်း)၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက Chair နှင့် Co-chair ကို လည်းကောင်း၊ ပါမောက္ခဒေါက်တာအေးထွန်း၊ ဒုတိယဝန်ကြီး၊ ကျန်းမာရေးဝန်ကြီး ဌာနက Speaker များကိုလည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာ(Certificate)များ ပေးအပ်ခဲ့ပြီးနောက် အစီအစဉ်ကို ပြီးမြောက်ခဲ့ပါသည်။
အစီအစဉ်သို့ စိတ်ဝင်စားသူ စုစုပေါင်း (၄၃၀)ဦး တက်ရောက်ခဲ့ပါသည်။
