| နေပြည်တော်၊မတ်လ (၁၈)ရက် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းဌာနခွဲနှင့် ရောဂါမျိုးသယ်ဆောင်သော ပိုးမွှားကောင်များမှတစ်ဆင့် ကူးစက်တက်သော ရောဂါများ ကာကွယ်နှိမ်နင်းရေးဌာနစိတ်တို့မှ(၂၀၂၄)ခုနှစ်အတွင်း ဆောင်ရွက်ခဲ့သော လုပ်ငန်း များအတွက် နှစ်ပတ်လည်လုပ်ငန်းဆန်းစစ်အစည်းအဝေးနှင့် အနာကြီးရောဂါတိုက်ဖျက်ရေးဌာန စိတ်၏ ရောဂါဖြစ်သူနှင့် အနီးကပ်ထိတွေ့သူများအား (Single Dose Rifampicin) ဆေးတိုက်ကျွေးခြင်းဖြင့် ကာကွယ်ခြင်းလုပ်ငန်းဆောင်ရွက်ရန် ဗဟိုအဆင့်အသိပေး ဆွေးနွေးပွဲများကို (၁၈-၃-၂၀၂၅)ရက်နေ့ နံနက်ပိုင်းတွင်ကျန်းမာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့ရာ ဖွင့်ပွဲအခမ်းအနားတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ |
|
![]() |
![]() |
| အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းနှင့်ညွှန်ကြားရေးမှူးချုပ်များ၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း၊ ငှက်ဖျား ရောဂါဆိုင်ရာနှင့် အနာကြီးရောဂါဆိုင်ရာ နည်းပညာအကြံပေးပညာရှင်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ ညွှန်ကြားရေးမှူးများ၊ ဗဟိုနှင့် တိုင်းဒေသကြီး/ ပြည်နယ်များမှ ကျန်းမာရေးဝန်ထမ်းများ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပြီး သက်ဆိုင်ရာ ဌာနခွဲများမှ နှစ်ပတ်လည်လုပ်ငန်းဆန်းစစ်ဆွေးနွေးပွဲများကို ဆက်လက်ကျင်းပပြုလုပ်လျက်ရှိရာတိုင်းဒေသကြီး/ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနများမှ တာဝန်ရှိသူများတက်ရောက် ဆွေးနွေးခဲ့ကြပါသည်။ | |
![]() |
![]() |
ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ လုပ်ငန်းဆန်းစစ်ဆွေးနွေးပွဲ ကျင်းပပြုလုပ်
in




