| နေပြည်တော်၊ မတ်လ ၁၈ ရက် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းသည် ရန်ကုန်မြို့ အခြေစိုက်မြန်မာနိုင်ငံဆိုင်ရာနီပေါနိုင်ငံသံရုံးမှ သံအမတ်ကြီးမစ္စတာ ဟာရီရှ်ချန်ဒရာ ဂီမီရေး အား ၂၀၂၅ခုနှစ်၊ မတ်လ ၁၈ရက်၊နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဧည့်ခန်းမ ဆောင်၌ လက်ခံတွေ့ဆုံခဲ့ပါသည်။ |
|
![]() |
![]() |
| အဆိုပါတွေ့ဆုံပွဲတွင် မြန်မာ- နီပေါ နှစ်နိုင်ငံကျန်းမာရေး ကဏ္ဍပူးပေါင်း ဆောင်ရွက် နိုင်မည့်ကိစ္စရပ်များ၊ အီလက်ထရောနစ် ကျန်းမာရေးသတင်းအချက်အလက်စနစ်၊ အီလက်ထရောနစ် ဆေးမှတ်တမ်းစနစ်၊ အီလက်ထရောနစ် ပြည်သူ့ကျန်းမာရေး သတင်းအချက်အလက် စနစ် နှင့် အီလက်ထရောနစ်ဆေးနှင့်ဆေးပစ္စည်းစီမံခန့်ခွဲမှုစနစ်အစရှိသည်တို့တွင် ပူးပေါင်း ဆောင်ရွက်နိုင်မည့်ကိစ္စရပ်များ၊ မြန်မာ- နီပေါ နှစ်နိုင်ငံကျန်းမာရေးပညာရှင်များ၊ အထူးကု ဆရာဝန်များ အပြန်အလှန်စေလွှတ်၍ အတွေ့အကြုံဖလှယ်ရေးကိစ္စရပ်များကို ရင်းနှီးခင်မင်စွာအမြင်ချင်း ဖလှယ်ဆွေးနွေး ခဲ့ကြသည်။ | |
![]() |
![]() |
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းမှ မြန်မာနိုင်ငံဆိုင်ရာနီပေါနိုင်ငံသံရုံးမှ သံအမတ်ကြီး မစ္စတာ ဟာရီရ်ချန်ဒရာ ဂီမီရေးအား လက်ခံတွေ့ဆုံ
in




