| နေပြည်တော်၊ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်
ကျန်းမာရေးဝန်ကြီးဌာန၊ဆေးတက္ကသိုလ်နှင့်ဆေးပညာနှီးနွှယ်တက္ကသိုလ်ပေါင်းစုံဘောလုံးပြိုင်ပွဲ (၂၀၂၄) ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း ဘောလုံး အားကစားကွင်း၌ယနေ့မွန်းလွဲ၃နာရီခွဲတွင်ကျင်းပပြုလုပ်သည်။ |
|
![]() |
![]() |
| အဆိုပါဘောလုံးပြိုင်ပွဲကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်မည့် ပဉ္စမအကြိမ်မြောက်အမျိုးသားအားကစားပွဲတော်တွင် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ဘောလုံးအသင်း တစ်သင်း အဆင့်မီစွာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးနှင့် ကျောင်းသားများအချင်းချင်း ချစ်ခင်ရင်းနှီးမှုပိုမိုရရှိစေရန်၊ ဘောလုံးအားကစားနည်းတွင် ပိုမိုစိတ်ဝင်စားကြစေရန်နှင့် ကျန်းမာကြံ့ခိုင်မှု ရရှိစေရန်အတွက် ဇုန်(၂)ဇုန်ခွဲ၍ ကျင်းပပြုလုပ်ရာ ဇုန်(၁) အုပ်စုပွဲစဉ်များကို (၂၁-၈-၂၀၂၄) မှ (၂၅-၈-၂၀၂၄)ရက်နေ့အထိ ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားကွင်း၌လည်းကောင်း၊ ဇုန်(၂) အုပ်စု ပွဲစဉ်များကို (၂၃-၉-၂၀၂၄) မှ (၂၅-၉-၂၀၂၄) ရက်နေ့အထိ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌လည်းကောင်း၊ အကြိုဗိုလ်လုပွဲများကို (၃၀.၉.၂၀၂၄) ရက်နေ့တွင်လည်းကောင်း တတိယနေရာလုပွဲကို ယနေ့ နံနက်ပိုင်းတွင်လည်းကောင်း၊ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကိုညနေပိုင်းတွင်လည်းကောင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။
|
|
ကျန်းမာရေးဝန်ကြီးဌာန၊ဆေးတက္ကသိုလ်နှင့်ဆေးပညာနှီးနွှယ်တက္ကသိုလ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ (၂၀၂၄) ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
in


