| ရန်ကုန် ၂၀၂၄ အောက်တိုဘာ (၅)ရက်
ဆေးတက္ကသိုလ်(၂)ရန်ကုန်၏ မြသီလာကျောင်းသားကျောင်းသူဆောင် ဖွင့်ပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ(၅)ရက် နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဆေးတက္ကသိုလ်နှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ မြန်မာနိုင်ငံဆေးကောင်စီ၊ မြန်မာနိုင်ငံသွားနှင့်ခံတွင်းဆိုင်ရာဆေးကောင်စီ၊ မြန်မာနိုင်ငံဆေးပညာရှင်များအသင်း၊ မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဆေးတက္ကသိုလ်(၂)ရန်ကုန်တွင် တာဝန်ထမ်းဆောင်ခဲ့ကြသော အငြိမ်းစားပါမောက္ခချုပ်များ၊ ဌာနဆိုင်ရာအသီးသီးမှ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဆေးတက္ကသိုလ်(၂)ရန်ကုန်မှ ပါမောက္ခ/ဌာနမှူးများနှင့် ဆရာ/ဆရာမများ၊ ဆေးရုံအုပ်ကြီးများ၊ ဌာနဆိုင်ရာအသီးသီးမှ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ အခြား ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ကျောင်းသား၊ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။ |
|
![]() |
![]() |
| ရှေးဦးစွာ ကျန်းမာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး၊ ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဆေးတက္ကသိုလ်(၂) ပါမောက္ခချုပ်တို့က မြသီလာကျောင်းသားကျောင်းသူဆောင်ကို ဖဲကြိုးဖြတ်၍ဖွင့်လှစ်ခဲ့ပြီး အဆောက်အဦအထိမ်းအမှတ်ကြေးပြားကို အမွှေးနံ့သာရည်ပက်ဖျန်းခဲ့ကြပါသည်။ ယင်းနောက် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခြင်းကို ဆောင်ရွက်ပြီး အဆောက်အဦအသစ်အတွင်း အခန်းများတွင် ပရိဘောဂပစ္စည်းများ၊ စာကြည့်စားပွဲများ၊ ကုလားထိုင်များထားရှိမှုကို လှည့်လည် ကြည့်ရှု၍ လိုအပ်သည်များကို မှာကြားခဲ့သည်။ | |
![]() |
![]() |
| အခမ်းအနားဒုတိယပိုင်းကို ဆေးတက္ကသိုလ်(၂)ရန်ကုန်၊ မြရည်နန္ဒာခန်းမ၌ ဆက်လက် ကျင်းပရာတွင် ကျောင်းသား/ကျောင်းသူများက မြတ်ဆရာ တေးသီချင်းအကအလှများဖြင့် သီဆိုကပြဖျော်ဖြေနေစဉ်အတွင်း ဆေးတက္ကသိုလ်(၂) ရန်ကုန်၏ သမိုင်းကြောင်းဗွီဒီယိုအား ပြသခဲ့သည်။ ထို့နောက် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် ပြည်သူ့ကျန်းမာရေးကဏ္ဍတွင် ခရိုင်/မြို့နယ်/ကျေးလက် ကျန်းမာရေး ဌာနများကို တိုးချဲ့တည်ဆောက်ဖွင့်လှစ်၍ အခြေခံကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ကျေးလက် ဒေသများ အထိ ရောက်ရှိအောင် အရည်အသွေးမြင့်မားစွာဖြင့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ Myanmar CDC ကို ဖွင့်လှစ်တည်ထောင်၍ကူးစက်ရောဂါ ဖြစ်ပွားမှုများကို အောင်မြင်စွာထိန်းချုပ်နိုင်ရန် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကုသရေးကဏ္ဍအတွက်လည်း ခေတ်မီနည်းပညာများဖြင့် ကုသပေးနိုင်သည့် အထူးကုဆေးရုံကြီးများ၊ အထွေထွေရောဂါကု ဆေးရုံကြီးများ၊ ဆေးကုသဆောင်များကို တိုးချဲ့တည်ဆောက်၍ လိုအပ်သည့် စက်ပစ္စည် ကိရိယာများ ဖြည့်ဆည်းတပ်ဆင်ပေးလျက်ရှိပါကြောင်း၊ ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်များ ပိုမို မွေးထုတ်နိုင်ရေးအတွက် NayPyiTaw State Academy တွင် Faculty of Medicine ဆေးပညာမဟာဌာနကြီး တိုးချဲ့ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ဆေးတက္ကသိုလ်များ၊ ဆေးပညာနှီးနွှယ် တက္ကသိုလ်များနှင့် သင်တန်းကျောင်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် အဆောက်အဦအသစ်များဆောက်လုပ်ပေးခြင်း၊ လိုအပ်သည့်ပြင်ဆင်ထိန်းသိမ်းမှုများ ဆောင်ရွက်ပေးခြင်းနှင့် ခေတ်မီသင်ထောက်ကူ ပစ္စည်းကိရိယာများဝယ်ယူဖြည့်တင်းပေးခြင်းတို့ကိုလည်း နှစ်စဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက် စေရေးအတွက်နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုကိုခံယူ၍ ကျန်းမာရေး ဝန်ကြီးဌာန မှပုံမှန်သုံးစွဲနေသောဘဏ္ဍာငွေများအပြင် အထူးရန်ပုံငွေဘဏ္ဍာငွေကို ဘီလီယံနှင့်ချီ၍ အကုန်အကျခံ သုံးစွဲပြီး၊ ဆေးကုသဆောင်များ၊ ကျောင်းသား/ကျောင်းသူများအတွက် အဆောင်များ၊ ဝန်ထမ်းအိမ်ယာများကို ဆောက်လုပ်ပေးလျက်ရှိပါကြောင်း၊ ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ၊ ကုသရေးလုပ်ငန်းများ ပြည့်ပြည့်ဝဝအောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များကို စဉ်ဆက်မပြတ် မွေးထုတ် ပေးနိုင်ခဲ့သည့်အတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပုံမှန်မျှသာမက ပိုမိုတိုးတက်ကောင်းမွန်သည့် အခြေအနေများဖြစ်လာစေရန် ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ဆေးတက္ကသိုလ်(၂)တွင် ပညာသင်ကြားနေသော ဘွဲ့လွန်/ဘွဲ့ကြို၊ ကျောင်းသား/ကျောင်းသူများ လုံခြုံစိတ်ချစိတ်အေးချမ်းသာစွာဖြင့်နေထိုင်ပြီး ပညာသင်ကြားနိုင်ရန် ရည်ရွယ်၍ မြသီလာ ကျောင်းသားကျောင်းသူ အဆောင်သစ်ကြီးကို ယနေ့ အောက်တိုဘာလ (၅) ရက်နေ့မှာ ကျရောက်သည့် “ကမ္ဘာ့ဆရာများနေ့”မှာ ဂုဏ်ယူစွာဖြင့် ဖွင့်လှစ်ပေးနိုင်ခဲ့ပြီ ဖြစ်ပါကြောင်း၊ ဆရာများရဲ့မိမိတို့ တပည့်များအပေါ် အမြဲတမ်းစေတနာထားပြီး ကြည့်ရှ စောင့်ရှောက်ပေးနေတဲ့ အစဉ်အလာကောင်းတစ်ခုကို ထင်ဟပ်ပြသခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတကာမှ ဆရာ/ဆရာမများ နှင့် ကျောင်းသား/ကျောင်းသူများ Exchange Programme ဖြင့် လာရောက်ပညာသင်ကြားပါက တည်းခိုနေထိုင်ရာတွင် အဆင်ပြေစေရန်အတွက် စီစဉ်ဖြည့်ဆည်း ဆောင်ရွက်ပေးထားပါကြောင်း၊ နောင်တွင်လည်း လိုအပ်သည်များကို ဆက်လက်ပြီး ဖြည့်ဆည်းဆောင်ရွက် ပေးသွားမှာ ဖြစ်ပါကြောင်း ပြောကြားသည်။ | |
![]() |
![]() |
| ထို့နောက် Z&Y ကုမ္ပဏီလီမိတက်မှ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်အား မြသီလာကျောင်းသားကျောင်းသူ(၆-ထပ်ဆောင်) အဆောက်အဦပြီးစီးမှု မှတ်တမ်းအားလွှဲအပ်ခဲ့သည်။ ဆေးတက္ကသိုလ်(၂)ရန်ကုန်၊ ပါမောက္ခချုပ်မှ ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။ ထိုနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က ဆေးတက္ကသိုလ်(၂) ရန်ကုန်တွင် ဘက်စုံအသုံးပြုနိုင်ရန်အတွက် အလှူငွေကျပ်သိန်(၁၀၀) ကျပ်တိတိအား ဆေးတက္ကသိုလ်(၂) ပါမောက္ခချုပ်ထံ ပေးအပ်လှူဒါန်းခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနား အထိမ်းအမှတ်လက်ဆောင်များ ပေးအပ်ခြင်းကို အစီအစဉ်တိုင်းဆက်လက်ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက်ဆေးတက္ကသိုလ်(၂)ရန်ကုန်၊ မြသီလာကျောင်းသားကျောင်းသူ (၆-ထပ်ဆောင်) အဆောက်အဦမှာ ယူပုံစံ (U Shape) ဖြစ်ပြီး စတုရန်းပေ (၈၁၉၀၀) ကျယ်ဝန်းပြီး ကျောင်းသား/ ကျောင်းသူ(၅၀၀)ဦးကို အဆောင်စီစဉ်ပေးနိုင်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ | |
ဆေးတက္ကသိုလ်(၂)ရန်ကုန် ၏ “မြသီလာကျောင်းသားကျောင်းသူဆောင်”ဖွင့်ပွဲအခမ်းအနားကျင်းပ
in






