၂၀၂၆ ပညာသင်နှစ်တွင် ဖွင့်လှစ်မည့် ဘွဲ့လွန်ဆေးပညာသင်တန်းများ အတွက် ဘွဲ့လွန်ဆေးပညာသင်တန်းသားရွေးချယ်ရေးအဖွဲ့၏ ပထမအကြိမ်ညှိနှိုင်းအစည်းအဝေးကျင်းပ

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၉) ရက်

 

     ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များ၌ ၂၀၂၆ ပညာသင်နှစ်တွင် ဖွင့်လှစ် မည့် ဘွဲ့လွန်ဆေးပညာသင်တန်းများ ဝင်ခွင့်ရွေးချယ်ရေးအတွက် ဘွဲ့လွန်ဆေးပညာသင်တန်းသား ရွေးချယ်ရေးအဖွဲ့၏ ပထမအကြိမ်ညှိနှိုင်းအစည်းအဝေးကို ယနေ့တွင် ကျန်းမာရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

      အစည်းအဝေးတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး ၂၀၂၆ ပညာသင်နှစ် ဘွဲ့လွန်ဆေးပညာသင်တန်းများ လျာထားမှုစာရင်း၊ လျှောက်ထားမှုစာရင်း၊ လျှောက်ထားမှုတို့နှင့်စပ်လျဉ်း၍ တက္ကသိုလ်အလိုက် အသေးစိတ်ဆွေးနွေးတင်ပြခြင်း၊ ဘွဲ့လွန်ဆေးပညာသင်တန်းများ ဝင်ခွင့်အရည်အချင်းစစ် ရေးဖြေ စာစစ်အဖွဲ့များဖွဲ့စည်းခြင်း၊ ဘွဲ့လွန်သင်တန်းများ ဝင်ခွင့်လူတွေ့နှုတ်ဖြေ အမှတ်ပေး “မူ” သတ်မှတ် ချက်တို့ကို ဆောင်ရွက်ကြသည်။
      အဆိုပါ အစည်းအဝေးသို့ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်းသိရသည်။