|
နေပြည်တော်၊ ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂ ရက် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ရှမ်းပြည်နယ် (တောင်ပိုင်း) ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ၂၀၂၅ ခုနှစ်၊ အောက်တို ဘာလ ၂ ရက်နေ့၊ နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း) ရှိ ပြည်သူ့ဆေးရုံ၊ ကလောမြို့သို့ ရောက်ရှိပြီး ဆေးရုံအုပ်၊ အထူးကုဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများ နှင့် တွေ့ဆုံခဲ့ရာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ပြည်သူအများအားကိုး ယုံကြည်မှုရှိသော ဆေးရုံများဖြစ်အောင် ၊ ပြည်သူလူထု စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် ကျန်းမာရေး စောင့်ရှောက်မှု ခံယူနိုင်စေရန်နှင့် နိုင်ငံတော်အစိုးရမှ ပံ့ပိုးမှုများအား ပြည်သူလူထု တိုက်ရိုက် ခံစား ရရှိအောင် စေတနာထား ကြိုးစားဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ပြည်သူ့ဆေးရုံများတွင် အရေးပေါ်ဌာနအပါအဝင် လူနာဆောင်များ သန့်ရှင်းသပ်ရပ်အမြင်တင့်တယ်ရေး ဆောင်ရွက်ရန် လိုအပ် ပါကြောင်း ၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ချမှတ်ထားသော ရည်မှန်းချက်များကို အောက်ခြေက သိရှိလိုက်နာ အကောင်အထည်ဖော်မှု ရှိစေရေးအတွက် မိမိအနေဖြင့် မကြာသေးမီကပင် ပြည်သူ့ ဆေးရုံများမှ ဆေးရုံအုပ်ကြီးများ၊ ဆေးရုံအုပ်များနှင့် တွေ့ဆုံမှာကြားပြီးဖြစ်ကြောင်း၊ ပြည်သူလူထုအား ကျန်းမာရေးဝန်ဆောင်မှုများ ဆောင်ရွက်ပေးရာတွင် ခွဲစိတ်ကုသမှုများ ၊ ဓာတ်ခွဲဓာတ်မှန်များအတွက် နိုင်ငံတော်မှ လုံလောက်အောင် ထောက်ပံ့ပေးထားပြီးဖြစ်၍ လူနာများစိုက်ထုတ်ကုန်ကျမှုမရှိစေရေး အလေးထား ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ အထူးကုပြင်ပလူနာဌာများကိုလည်း တိုးမြှင့်ကြည့်ရှု စေလိုပါကြောင်း၊ ဓာတ်ခွဲစမ်းသပ်မှုများအတွက် ခုတင် ၂၀၀ အဆင့်အထိ တပြေးညီ တိုးမြှင့် ထောက်ပံ့ ပေးသွားမည် ဖြစ်ကြောင်း၊ အခြေခံ လိုအပ်သောဆေးဝါးများ၊ ပဋိဇီဝဆေးဝါးများနှင့် အခြေခံ အရေးပေါ်ဆေးဝါးများအား နိုင်ငံတော်မှ ထောက်ပံ့ပေးထားပြီး ဖြစ်ပါကြောင်း၊ ပြည်သူ့ဆေးရုံများတွင် တီဘီ၊ ခုခံကျကာလသားရောဂါ၊ ဌက်ဖျားရောဂါများ၊ မကူးစက်နိုင်သော ရောဂါများဖြစ်သည့် ဆီးချိုရောဂါ၊ သွေးတိုးရောဂါများအတွက်လည်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆေးဝါးများ ထောက်ပံ့ ပေးထားပြီး ဖြစ်ပါကြောင်း၊ အဆိုပါဆေးဝါးများအားလည်း နိုင်ငံတော် ဘဏ္ဍာငွေဖြင့် ဝယ်ယူထောက်ပံ့ ပေးထားခြင်းဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ဖြည်းဆည်းဆောင်ရွက်ပေးမှုများသည် နိုင်ငံတော်ကျန်းမာရေး စနစ် ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ကျန်းမာရေးအာမခံစနစ် ပေါ်ပေါက်လာစေရန် အထောက်အကူများ ဖြစ်ပါကြောင်း၊ ကျန်းမာရေးဝန်ထမ်းများ အနေဖြင့်လည်း လူနာများ၊ လူနာရှင်များနှင့် Public Relation ကောင်းမွန်အောင် ဆောင်ရွက်ကြရန် အလေးထားမှာကြားလိုပါကြောင်း၊ သူနာပြုများအနေဖြင့်လည်း မိမိတို့ သူနာပြု ကျင့်ဝတ်နှင့် အညီ လူနာများအားဂရုစိုက် ပြုစုကုသမှုပေးရန် လိုအပ်ပါကြောင်း၊ ဆေးရုံ တက်ရောက်ကုသသော နိုင်ငံ့ဝန်ထမ်းများအား ထင်သာမြင်သာသော အမှတ်အသားပြုလုပ်ထားရန်၊ ဆေးကုသမှု ကုန်ကျစရိတ် မရှိစေရေး ဆောင်ရွက်ရန် ဖြစ်ပါကြောင်း၊ ယခုအခါ ပြည်သူလူထုအနေဖြင့် ပြည်သူ့ဆေးရုံများကို ပိုမိုအားကိုးလာကြပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဆရာဝန်၊ သူနာပြု သစ်လွင်များအား နှစ်စဉ် တိုးမြှင့် ခန့်ထားပေးလျက်ရှိသဖြင့် လူ့စွမ်းအားအရင်းအမြစ်များ လည်း တိုးတက်လာပြီ ဖြစ်ပါကြောင်း၊ မိမိတို့လမ်းညွှန် မှာကြားချက်များကို အလေးထား လိုက်နာဆောင်ရွက် ခြင်းဖြင့် ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ပိုမိုကောင်းမွန်သော ကျန်းမာရေးစနစ်သို့ ရောက်ရှိစေရန် ကြိုးစားဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုပါကြောင်း ပြောကြားခဲ့ပါသည်။ |
|
![]() |
![]() |
| ဆက်လက်ပြီး ဆေးရုံအုပ်နှင့် ကလောမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးတို့မှ ဆေးရုံ လုပ်ငန်းနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်း တင်ပြခဲ့ရာ ပြည်သူများအကျိုးအတွက် ဆေးကုသရေးလုပ်ငန်းများ ယခုထက် ပိုမိုတိုးတက်စေရေး ဆောင်ရွက်ပေးရန်၊ ပြည်သူ့ကျန်းမာရေး လုပ်ငန်းများသည် ကြိုးစားလျှင် ကြိုးစားသလောက် ထင်သာ မြင်သာသော အကျိုးရလဒ်ရရှိပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ယခုအခါ မျှော်မှန်းသက်တမ်း တိုးတက် လာသော်လည်း ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်လျှင်လျော့နည်းနေပါသေးကြောင်း၊ ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသော ရောဂါများကြောင့် သေဆုံးမှုမရှိစေရန် ကာကွယ်ဆေးထိုး လုပ်ငန်းများကို အားသွန် ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ မွေးဖွားမှုနှုန်း၊ သေဆုံးမှုနှုန်းအပါအဝင် ပြည်သူ့ ကျန်းမာရေးဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များသည် နိုင်ငံတော်၏ကျန်းမာရေးစောင့်ရှောက်မှု စနစ်ကို ထင်ဟပ်လျက်ရှ်ိသဖြင့် ကာကွယ်ဆေးထိုးလုပ်ငန်းများ၊ အာဟာရ ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ကျောင်းကျန်းမာရေးလုပ်ငန်းများ၊ မိခင်နှင်ကလေး ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းမျာအပါအဝင် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ တိုးတက်အောင် ယခုထက်ပိုမို ကြိုးပမ်းဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့ကာ ဆေးရုံအတွင်း လှည့်လှည်ကြည့်ရှုပြီး ဆေးရုံတက်ရောက်ကုသနေသော လူနာများနှင့်တွေ့ဆုံကာ ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကားပြောကြားပြီး ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ပါသည်။ | |
![]() |
![]() |
| ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကလောမြို့မှ ညောင်ရွှေမြို့သို့ဆက်လက် ထွက်ခွာပြီး ညောင်ရွှေမြို့နယ်၊ ခေါင်တိုင်ကျေးလက်ကျန်းမာရေးဌာနသို့ သွားရောက်ကြည့်ရှု၍ ပြင်ပ လူနာဌာန၊ သားဖွားခန်း၊ ဆေးသိုလှောင်ခန်းတို့ကို ကြည့်ရှုစစ်ဆေးပြီး ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံအားပေးစကားပြောကြားကာ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအတွက် နိုင်ငံတော်မှထောက်ပံ့ပေးထားသည့် ဆေးဝါးများအသုံးပြုမှု အခြေအနေ၊ ကိုယ်ဝန်ဆောင် ကျန်းမာရေး စောင့်ရှောက်မှုအခြေအနေ၊ ကာကွယ်ဆေးထိုးနှံနေမှုအခြေအနေနှင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသည့် အခြေအနေများကိုစစ်ဆေး၍ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို စေတနာထားဆောင်ရွက်ရေးမှာကြားပြီး လိုအပ်ချက်များ ကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ | |
![]() |
![]() |
| ယင်းနောက် ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ လင်းကင်းကျေးရွာအုပ်စု၊ ဖွဲဇင်းတောင် ကျေးရွာ၌ အသစ်တည်ဆောက်မည့် လင်းကင်းတိုက်နယ်ဆေးရုံအဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ရန်လျာထားမြေနေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြည်သူ့ဆေးရုံ၊ညောင်ရွှေမြို့သို့ ရောက်ရှိ ရာ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးမှ ဆေးရုံလုပ်ငန်းနှင့် မြို့နယ်ပြည်သူ့ ကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး လူနာဆောင်များ၊ ခွဲစိတ်ခန်း၊ ပြင်ပလူနာဌာနများသို့ လှည့်လည်ကြည့်ရှုကာ အစည်းအဝေးခန်းမတွင် ဆေးရုံဝန်ထမ်းများ နှင့်တွေ့ဆုံ၍ တင်ပြချက်များကို ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ |
|
![]() |
![]() |
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပြည်သူ့ဆေးရုံများနှင့် ကျန်းမာရေးဌာနများသို့ သွားရောက်
in








