ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအား ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့အခြေစိုက် Gavi အဖွဲ့နှင့် WHO ၊ UNICEF အဖွဲ့တို့မှ တာဝန်ရှိသူများလာရောက်တွေ့ဆုံ

နေပြည်တော်၊ အောက်တိုဘာ (၂၉) ရက်

     ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့အခြေစိုက် (Global Alliance for Vaccine and Immunization- GAVI) မှ Senior Country Manager ၊ Mr. Ricard Lacort Monte ဦးဆောင်သောအဖွဲ့နှင့် ရန်ကုန်မြို့ရှိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၊ ကုသလမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) တို့မှ တာဝန်ရှိသူများသည် (၂၉-၁၀-၂၀၂၅) ရက်နေ့ နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင် စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းအား နေပြည်တော်၊ ကျန်းမာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၄)၊ အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံဆွေးနွေးသည်။

     ဦးစွာ ပြည်ထောင်စုဝန်ကြီးက ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုးချဲ့ ကာကွယ်ဆေးထိုးလုပ်ငန်းအနေဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများကို တစ်နိုင်ငံ လုံးအတိုင်းအတာဖြင့် အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အကြမ်းဖက်သောင်းကျန်း သူများယာယီထိန်းချုပ်ခဲ့သည့် ကျောက်မဲမြို့နယ်၊ သီပေါမြို့နယ်၊ နောင်ချိုမြို့နယ်တို့ကို နိုင်ငံ တော်က နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီးနောက် ပြည်သူ လူထုအားအခြေခံကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် ကုသရေးလုပ်ငန်းများ ဆောလျင်စွာ ဆောင်ရွက်ခြင်း၊ ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း၊ Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း၊ အသက်(၁၅)နှစ်အောက် ကလေးများအား အသက်အရွယ်အလိုက် လိုအပ် သောကာကွယ်ဆေးများကို အထူးအစီအစဉ်ဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်း (Special Immunization Activities) တို့ကိုလည်း အထူးဦးစားပေးလုပ်ငန်းများအနေဖြင့် ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ မန္တလေးငလျင် ကြီးဖြစ်ပွားပြီးနောက်ပိုင်းတွင်လည်း ငလျင်ဘေးသင့်ဒေသများနှင့် တစ်နိုင်ငံလုံးတွင် ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသောရောဂါများ၊ ကပ်ရောဂါအသွင်ဖြစ်ပွားမှု (လုံးဝ) မရှိခဲ့ပါကြောင်း၊ တစ်နိုင်ငံလုံးရှိ ကိုယ်ဝန် ဆောင်မိခင်များနှင့် ကလေးငယ်များကို လိုအပ်သော ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် အရေးကြီးလုပ်ငန်း တစ်ရပ်အနေဖြင့် အထူးအလေးထားဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်၏ ဦးဆောင်မှု၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် နှီးနွှယ်ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရများနှင့် နိုင်ငံ တကာအဖွဲ့အစည်းများဖြစ်သော GAVI၊ WHO၊ UNICEF အဖွဲ့တို့၏ ပူးပေါင်းဆောင်ရွက်မှုများဖြင့် လုပ်ငန်းများအား အချိန်နှင့်တစ်ပြေးညီအောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ကူညီပံ့ပိုးပေးခဲ့ မှုများအတွက်လည်း ကျေးဇူးတင်ပါကြောင်း ပြောကြားသည်။
     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ များ၊ GAVI၊ WHO၊ UNICEF အဖွဲ့မှ တာဝန်ရှိသူများသည် မြန်မာနိုင်ငံတွင် ဆက်လက်ဆောင်ရွက် မည့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများ၊ Gavi 6.0 ရန်ပုံငွေလျှောက်ထားခြင်းဆိုင်ရာ ကိစ္စရပ်များအပါအဝင် ဆက်လက်ဆောင်ရွက်မည့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများ ကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
     တွေ့ဆုံပွဲသို့ ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းဌာနခွဲမှ တာဝန်ရှိသူများ၊ ကမ္ဘာ့ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်း ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့အခြေစိုက် Gavi နှင့် WHO၊ UNICEF တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။