| နေပြည်တော်၊ (၂၀၂၅) ခုနှစ်၊ နိုဝင်ဘာလ (၁၃)ရက်နေ့
(၂၀၂၅)ခုနှစ် ကမ္ဘာ့ဆီးချိုသွေးချိုရောဂါကာကွယ်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်း အနားကို ယနေ့နံနက် (၉:၀၀)နာရီတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၄)၊ အစည်းအဝေး ခန်းမ၌ ကျင်းပသည်။ |
|
![]() |
![]() |
| ဦးစွာ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းက ဆီးချိုသွေးချိုရောဂါသည် အရွယ်မတိုင်မီ သေဆုံးမှု (Premature Death)ကို ဖြစ်စေသည့် အဓိကအကြောင်းရင်း တစ်ရပ်ဖြစ်ပြီး ကမ္ဘာ့လူဦးရေ၏ (၁၁.၁) ရာခိုင်နှုန်းသည် ဆီးချိုသွေးချိုရောဂါ ခံစားနေရကြောင်း၊ အများစုမှာ အမျိုးအစား(၂)ဆီးချိုရောဂါ ခံစားနေရပြီး ရောဂါရှိသူများ၏(၄၃)ရာခိုင်နှုန်းသည် မိမိတို့တွင် ရောဂါရှိနေသည်ကို မသိကြကြောင်း၊ ကမ္ဘာတစ်ဝန်းတွင် ဆီးချိုသွေးချိုရောဂါကြောင့် သေဆုံးသူ(၃.၄)သန်းခန့်ရှိနေပြီး သေဆုံးမှုအများဆုံးမှာ ဝင်ငွေအလယ်အလတ်နှင့် ဝင်ငွေနည်းပါးသောနိုင်ငံများတွင် ဖြစ်သည်ကို အပြည်ပြည် ဆိုင်ရာဆီးချိုအဖွဲ့ချုပ်၏ အချက်အလက်များအရ သိရှိရပါကြောင်း၊ ဖြစ်ပွားသေဆုံးမှုမြင့်မားလာသည့် ဆီးချိုသွေးချိုရောဂါကို ကာကွယ်ထိန်းချုပ်ရန် နှစ်စဉ် နိုဝင်ဘာလ(၁၄)ရက်နေ့ကို “ကမ္ဘာ့ ဆီးချို သွေးချိုရောဂါ ကာကွယ်ထိန်းသိမ်းရေးနေ့ (World Diabetes Day)”အဖြစ် သတ်မှတ်၍ အထိမ်းအမှတ်နေ့များကို ကျင်းပဆောင်ရွက်ခဲ့ ပါကြောင်း၊ ယခုနှစ်ကမ္ဘာ့ဆီးချိုသွေးချိုရောဂါ ကာကွယ် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဆောင်ပုဒ်မှာ “Know more and do more for Diabetes at work”ဖြစ်ပြီး မြန်မာဘာသာအနေဖြင့် “လုပ်ငန်းခွင်စွမ်းဆောင်ရည် မြင့်မားဖို့ ဆီးချိုကာကွယ် ထိန်းသိမ်းရေးလုပ်ငန်းများ အရှိန်မြှင့်စို့”ဟု ဘာသာပြန်ဆိုထားပါကြောင်း၊ ဆီးချိုသွေးချိုရောဂါ ဝေဒနာရှင် ဝန်ထမ်းများ အလုပ်သမားများ အတွက် လုပ်ငန်းခွင်အတွင်း ကျန်းမာရေးနှင့် ဘဝအရည် အသွေးကို ဗဟိုပြုသည့်စောင့်ရှောက်မှု ကိုခံယူနိုင်ရေး အလေးပေးဆောင်ရွက်ရန်၊ ကျန်းမာရေးနှင့် အသက်မွေးဝမ်းကြောင်းလုပ်ငန်းကို ဟန်ချက်ညီစွာထိန်းသိမ်း၍ လုပ်ငန်းခွင်စွမ်းဆောင်ရည်ကို မြှင့်တင်နိုင်စေရန် ရည်ရွယ်သတ်မှတ် ထားခြင်းဖြစ်ကြောင်း၊ ကျန်းမာခြင်းအား ပံ့ပိုးပေးသော လုပ်ငန်းခွင်ဖြစ်မှသာလျှင် လုပ်ငန်းစီးပွား တိုးတက်မှုရှိလာမည် ဖြစ်ပါကြောင်း၊ ကျန်းမာရေးဝန်ကြီး ဌာနအနေဖြင့် ဆီးချိုသွေးချိုရောဂါ အပါအဝင် မကူးစက်နိုင်သောရောဂါများကြောင့် ဖြစ်ပွားသေဆုံးမှုကို လျှော့ချနိုင်ရေးအတွက် မကူးစက်နိုင်သောရောဂါများ ကာကွယ်နှိမ်နင်းရေးဆိုင်ရာ အမျိုးသား အဆင့်မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၂၇)ကိုရေးဆွဲပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျေးလက်ဒေသ အောက်ခြေအထိ ကျေးလက်ကျန်းမာရေးဌာနများတွင် ဆီးချိုသွေးချိုနှင့် သွေးတိုးရောဂါ စစ်ဆေးကုသမှုဆေးခန်းများကို အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း ဖွင့်လှစ်၍ စစ်ဆေးကုသ ပေးလျက်ရှိပြီး လိုအပ်သောအခြေခံဆေးများနှင့် ဆေးပစ္စည်းများကို ပံ့ပိုးပေးလျက် ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် ပြည်သူလူထုအတွင်း မကူးစက်နိုင်သောရောဂါများ ဖြစ်နိုင်ခြေတို့ကို STEPS နည်း လမ်းဖြင့် ဆန်းစစ်ခြင်းသုတေသန(၂၀၂၄)ကို ဆောင်ရွက်ခဲ့ရာတွင် စစ်တမ်း၏ ကနဦးတွေ့ရှိချက် များအနေဖြင့် မြန်မာနိုင်ငံတွင် ပြည်သူလူထု၏ (၇.၉)ရာခိုင်နှုန်းမှာ ဆီးချိုသွေးချိုရောဂါ ရှိနေကြ သည်ကို တွေ့ရှိရပြီး ဆီးချိုသွေးချိုရောဂါ ဝေဒနာရှင်များ၏ ထက်ဝက်ကျော်လောက်သည် လုံလောက်သော ဆေးကုသမှုရရှိနေကြသည်ဟု သိရှိရပါကြောင်း၊ မကူးစက်နိုင်သောရောဂါများ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို ထိရောက်စွာ ကြိုးစားဆောင်ရွက်ကြလျှင် ပြည်သူလူထု၏ မျှော်မှန်းသက်တမ်း ပိုမိုမြင့်တက်လာမည်ဖြစ်ကြောင်း၊ ကျန်းမာရေးနှင့် နှီးနွှယ်နေသည့် မိတ်ဖက်အဖွဲ့ အစည်းများကလည်း ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် မေတ္တာရပ်ခံလိုပါကြောင်း ပြောကြားပါသည်။ | |
![]() |
![]() |
| ယင်းနောက် (၂၀၂၅)ခုနှစ်၊ ကမ္ဘာ့ဆီးချိုသွေးချိုရောဂါကာကွယ်ထိန်းသိမ်းရေးနေ့ အထိမ်း အမှတ်ဗွီဒီယိုပြသပြီး ပြည်ထောင်စုဝန်ကြီးက အထိမ်းအမှတ်ပြခန်းငယ်အား လှည့်လှည် ကြည့်ရှုသည်။ | |
![]() |
![]() |
| အထိမ်းအမှတ်အခမ်းအနားကို ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ ဝန်ကြီး၊ ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများ၊ နေပြည်တော် ပြည်ထောင်စုနယ်မြေအတွင်းရှိ ဆေးရုံများမှ ဆေးရုံအုပ်ကြီးများနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများ၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံဆေးကောင်စီ၊ မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့၊ မြန်မာနိုင်ငံ ဆရာဝန်အသင်း၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ၊ မြန်မာနိုင်ငံဟော်မုန်းရောဂါအထူးကု ဆေးပညာရှင်အဖွဲ့၊ အစိုးရမဟုတ်သောနိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်။ | |
![]() |
![]() |
“(၂၀၂၅)ခုနှစ် ကမ္ဘာ့ဆီးချိုသွေးချိုရောဂါကာကွယ်ထိန်းသိမ်းရေးနေ့” အထိမ်းအမှတ်အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တက်ရောက်
in








