| ရန်ကုန်၊ (၂၀၂၅)ခုနှစ်၊ နိုဝင်ဘာလ (၂၂)ရက်
မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း (၂၂) ကြိမ်မြောက်နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ UMFCCI Office Tower ရှိ မင်္ဂလာခန်းမတွင် ကျင်းပပြုသည်။ |
|
![]() |
![]() |
| ဦးစွာကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းကြီးမှ ဆေးနှင့်ဆေးပစ္စည်းများ တင်သွင်းရန်လိုအပ်သည့် ထောက်ခံစာများအတွက်လည်း သေချာစွာစိစစ်၍ အချိန်ကြန့်ကြာမှုမရှိစေဘဲ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပြည်သူလူထုအတွက် အမှန်တကယ်လိုအပ်ပြီး အကျိုးရှိသည့် ဆေးနှင့်ဆေးပစ္စည်းများကိုသာ တင်သွင်းရမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းအနေဖြင့် ဆေးနှင့်ဆေးပစ္စည်းတင်သွင်း၊ ဖြန့်ချီ၊ ရောင်းချသည့် ကုန်သွယ်ရေးလုပ်ငန်းမှသည် ကုန်ချောထုတ်လုပ်သည့်ဆေးဝါးစက်ရုံများကိုလည်း ပြည်တွင်းတွင်တည်ထောင်၍ ပြည်ပမှ အရည်အသွေးပြည့်မှီသည့် ဆေးဝါးကုန်ကြမ်းများကိုတင်သွင်းကာ ပြည်တွင်းစျေးကွက်တွင် ထုတ်လုပ်ဖြန့်ချီရုံသာမက နိုင်ငံခြားသို့ပြန်လည်တင်ပို့နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များ အသင်းကြီးအနေဖြင့် နိုင်ငံတော်မှချမှတ်ထားသော ကျန်းမာရေးနှင့် သက်ဆိုင်သည့်မူဝါဒများ၊ ရည်မှန်းချက်များ၊ လုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ်လေ့လာ၍ ကျန်းမာရေးဝန်ကြီးဌာနနှင့်အတူ ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော်ပေးကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအနေဖြင့််လည်း ဆေးဝါးမှတ်ပုံတင်ခြင်းလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ စိစစ်ပြီး ခွင့်ပြုပေးလျက်ရှိပါကြောင်း ပြောကြားသည်။ | |
![]() |
![]() |
| ထို့နောက် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဉက္ကဌ၊ မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းဉက္ကဌတို့မှ ကြိုဆိုနှုတ်ခွန်းဆက် စကား များ ပြောသည်။ | |
![]() |
![]() |
| အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှတာဝန်ရှိသူများ၊ ကျန်းမာရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်၊ အလုပ်အမှုဆောင်များ၊ ညီနောင်အသင်းအဖွဲ့များမှဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။ | |
မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း၊ (၂၂) ကြိမ်မြောက်နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေးကျင်းပ
in






