|
ရန်ကုန်၊ (၂၀၂၅)ခုနှစ်၊ နိုဝင်ဘာလ (၂၃) ရက် ဆေးဝါးတက္ကသိုလ်-ရန်ကုန်၏ အမျိုးသမီး (၁၁၀ဆံ့) အိပ်ဆောင် “ကံ့ကော်ဆောင်” ဖွင့်ပွဲ အခမ်းအနားကို ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ၊ (၂၃)ရက်နေ့၊ နံနက်ပိုင်းတွင်ကျင်းပခဲ့ရာ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ ကျန်းမာရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦ ဦးစီးဌာန၊ အဆောက်အဦအထူးအဖွဲ့(၂)မှ တာဝန်ရှိသူများ၊ ဌာနအသီးသီးမှ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက် ခဲ့ကြပါသည်။ |
|
![]() |
![]() |
| ဦးစွာ ဆေးဝါးတက္ကသိုလ်-ရန်ကုန် “ကံ့ကော်ဆောင်” ဖွင့်ပွဲအခမ်းအနားကို စတင်ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန်၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ်နှင့် ဆေးဝါးတက္ကသိုလ်-ရန်ကုန် ပါမောက္ခချုပ်တို့က “ကံ့ကော်ဆောင်”ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က “ကံ့ကော်ဆောင်” ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ကာ ကမ္ဗည်းမော်ကွန်းကို အမွှေးနံ့သာရည် ပက်ဖျန်းပေး၍ အဆောက်အဦသစ် အားလှည့်လည်ကြည့်ရှုကြသည်။ | |
![]() |
![]() |
| ထို့နောက် ဒုတိယပိုင်းအစီအစဉ်များကို “ဘက်စုံခန်းမ”၌ ဆက်လက် ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက တက္ကသိုလ်တစ်ခု၏ အုပ်ချုပ်ရေး၊ သင်ကြားရေး အဆောက်အဦများ၊ ဆရာ/ဆရာမ ကျောင်းသားအချိုး၊ သင်ထောက်ကူပစ္စည်းများ ရရှိမှုအခြေအနေများအပြင် အေးချမ်း လုံခြုံစွာ နေထိုင်၍ ပညာသင်ကြားနိုင်ရန် ကျောင်းသား/ကျောင်းသူ အဆောင်များ ထောက်ပံ့ဖြည့်ဆည်း စီစဉ်ဆောင်ရွက် ပေးနိုင်ခြင်းမှာလည်း တက္ကသိုလ်၏ ကမ္ဘာ့အဆင့် သတ်မှတ်ချက် (University Ranking) အတွက် အဆင့်အတန်း မြင့်မားရေးကို အထောက်အကူ ပြုစေမှာ ဖြစ်ပါကြောင်း၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များကို နိုင်ငံတော်၏လိုအပ်ချက်နှင့်အညီ စဉ်ဆက်မပြတ် မွေးထုတ် ပေးလျက်ရှိရာ ဆေးတက္ကသိုလ်များ၊ ဆေးပညာနှီးနွယ်တက္ကသိုလ်များနှင့် သူနာပြုသားဖွားသင်တန်း ကျောင်းများမှ ယနေ့အထိ ဆေးပညာရှင်ဆရာဝန်(၄၉၅၅၃)ဦး၊ သွားဘက်ဆိုင်ရာဆရာဝန် (၅၇၄၅)ဦး၊ ဆေးဝါးပညာရှင်(၄၅၀၇)ဦး၊ ဆေးဘက်ဆိုင်ရာပညာရှင် (၄၈၄၅)ဦး၊ သူနာပြုသိပ္ပံနှင့်သူနာပြုသားဖွား ဒီပလိုမာဘွဲ့ရ (၉၆၄၅၄)ဦး၊ အခြေခံကျန်းမာရေးပညာရှင် (၂၅၈၃)ဦးတို့ကိုမွေးထုတ်ပေးပြီး ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ကျန်းမာရေးကဏ္ဍအတွက် အထူးရန်ပုံငွေများကိုနှစ်စဉ်ချထားပေး လျက်ရှိရာ ဝန်ကြီးဌာနအနေဖြင့် ဆေးကုသဆောင်များ၊ ကျောင်းသား ကျောင်းသူအဆောင်များ၊ ဝန်ထမ်းအိမ်ရာများ အဆင့်မြှင့်တင်ခြင်းနှင့် အသစ်ဆောက်လုပ်ခြင်းများကို ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ဆေးဝါးတက္ကသိုလ်များမှ ဘွဲ့ရရှိပြီးသည့် ဆေးဝါးပညာရှင်များအနေဖြင့် ကျန်းမာရေးဝန်ကြီး ဌာနလက်အောက်ရှိ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာနနှင့် စက်မှုဝန်ကြီးဌာန လက်အောက်ရှိ ဆေးဝါးထုတ်လုပ်ရေးစက်ရုံများတွင် နိုင်ငံ့ဝန်ထမ်းများအဖြစ် တာဝန်ကျေပွန်စွာထမ်းဆောင် နေကြသည့်အတွက်လည်း ဂုဏ်ယူဝမ်းမြောက်ပါကြောင်းပြောကြားပါသည်။ | |
![]() |
![]() |
| ယင်းနောက်ဆေးဝါးတက္ကသိုလ်-ရန်ကုန် ပါမောက္ခချုပ်က ကျေးဇူးတင်စကား ပြောကြားကာ ဖွင့်ပွဲ အထိမ်းအမှတ် လက်ဆောင်များပေးအပ်ခဲ့ပြီး ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်ထံသို့ အဆောက်အဦဦးစီးဌာန အဆောက်အဦ အထူးအဖွဲ့(၂)မှ တာဝန်ရှိသူမှ အဆောက်အဦဆိုင်ရာ မှတ်တမ်းများ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။
ဆက်လက်၍ ကျောင်းသား ကျောင်းသူများက တေးသရုပ်ဖော် အကအလှများဖြင့်ဖျော်ဖြေခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်တို့က ကပြဖျော်ဖြေခဲ့သော ကျောင်းသား၊ ကျောင်းသူ များကို ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။ |
|
![]() |
![]() |
| ထို့နောက် ကျောင်းသား ကျောင်းသူများ သုတေသနပြု ဖော်စပ်ထုတ်လုပ်ထားသောဆေးဝါးများ၊ အလှကုန်ပစ္စည်းများ ခင်းကျင်းပြထားခြင်းနှင့် သုတေသနစာတမ်းများကို လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။
ယနေ့ဖွင့်လှစ်ပေးနိုင်ခဲ့သည့် “ကံ့ကော်ဆောင်”သည် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် စတင်ခဲ့ပြီး တန်ဖိုးငွေ ကျပ်သန်း (၁၈၃၆.၀၀၀)ဖြစ်ပြီး ကျောင်းသူ (၁၁၀)ဦးဆံ့ နေထိုင်နိုင်သည့် အကျယ်စတုရန်းပေ (၂၁၆၀၀)ရှိ လေးထပ်ဆောင်ဖြစ်ပါသည်။ |
|
![]() |
![]() |
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ဆေးဝါးတက္ကသိုလ်-ရန်ကုန် “ကံ့ကော်ဆောင်” အဆောက်အဦ ဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်
in










