ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း သည် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ ကျန်းမာရေးဝန်ကြီး H.E. Mr. Aliaksandr KHAJAYEU နှင့် စိုက်ပျိုးမွေးမြူရေးဝန်ကြီး H.E. Yury HORLAU တို့အားလက်ခံတွေ့ဆုံ

နေပြည်တော်၊ နိုဝင်ဘာလ ၂၈ ရက်

     ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ ကျန်းမာရေးဝန်ကြီး H.E. Mr. Aliaksandr KHAJAYEU နှင့် စိုက်ပျိုးရေးနှင့်စားနပ်ရိက္ခာဆိုင်ရာဝန်ကြီး H.E.Mr.Yury HORLAU တို့ကို ယမန်နေ့မွန်းလွဲပိုင်းက Jasmine Palace Hotel နေပြည်တော်၌ တွေ့ဆုံသည်။

     တွေ့ဆုံစဉ် နှစ်နိုင်ငံကျန်းမာရေးဝန်ကြီးဌာနတို့အကြား ၂၀၁၃ ခုနှစ်က လက်မှတ်ရေးထိုးခဲ့သည့်နားလည်မှုစာချွန်လွှာအရ ရောဂါရှာဖွေရေးနှင့်ဓါတ်ခွဲခန်းသုံးစက်ပစ္စည်း များထုတ်လုပ်ရေးတွင် အကျိုးတူပူးပေါင်း ဆောင်ရွက်နိုင်ရေး၊ နှစ်နိုင်ငံကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆေးဘက်ပညာရပ်ဆိုင်ရာ သင်ကြား ရေးနှင့် ဘွဲ့လွန်ဆေးပညာရပ်ဆိုင်ရာသင်တန်းများပူးပေါင်းဆောင်ရွက်နိုင်ရေး၊ ဆေးလက်တွေ့ပညာ ရပ်၊ ‌ဆေးကုသမှုနှင့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ သုတေသနလုပ်ငန်းများ၊ ပူးပေါင်းဆောင်ရွက် ရေးလုပ်ငန်းများအား ကျယ်ကျယ်ပြန့်ပြန့်တိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ ဘယ်လာရုစ်နိုင်ငံမှထုတ်လုပ် သည့်ဆေးဝါးနှင့်ဆေးပစ္စည်းများအား Fast Track Mechnism ဖြင့် ဆေးဝါးမှတ်ပုံတင်ရရှိရေး ဆောင်ရွက်ပေးလျက်ရှိသည့်ကိစ္စရပ်များ၊ ဘယ်လာရုစ်နိုင်ငံ စိုက်ပျိုးမွေးမြူရေးကဏ္ဍမှထုတ်လုပ်သည့် အစားအသောက်၊ ကလေးအာဟာရမှုန့်၊ နို့နှင့် နို့ထွက်ပစ္စည်းများအား မြန်မာနိုင်ငံသို့ တင်ပို့ ရောင်းချနိုင်ရေး ကိစ္စများတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ကူညီဆောင်ရွက်ပေး မည့်ကိစ္စရပ်များ၊ အရေးပေါ်ထိခိုက်ဒဏ်ရာရသူများကို ကုသပေးသည့် အရေးပေါ်ဆေးသတ္တာ ( First Aid Medical Box) နှင့် အရေးပေါ်သွေးတိတ်ပတ်တီးများ မြန်မာနိုင်ငံတွင် အသုံးပြုနိုင်ရေးနှင့် လိုအပ်ပါက ထုတ်လုပ်မှုအထိဆောင်ရွက်နိုင်ရေးကိစ္စရပ်များ၊ အသည်းအစားထိုးဆေးကုသမှုအပါ အဝင် ဆေးကုသမှုလုပ်ငန်းများတွင် ပူးပေါင်းဆောင် ရွက်နိုင်ရေးကိစ္စရပ်များနှင့် နှစ်နိုင်ငံအပြန်အလှန် ဆေးဘက်ပညာရှင်များ စေလွှတ်၍ဆေးကုသမှုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး၊ လေ့ကျင့် သင်ကြားပေးရေးကိစ္စရပ်များ၊ Virtual စနစ် ဖြင့် Telemedicine ဆေးကုသမှု လုပ်ငန်းများပူးပေါင်း ဆောင်ရွက်ရေးကိစ္စရပ်များ၊ ကိုယ်ဝန်ဆောင်မိခင်နှင့် မွေးကင်းစကလေးကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များ၊ ဆေးတက္ကသိုလ် (၁)၊ ရန်ကုန်နှင့် Belarus State Medical University (BSMU) တို့အကြား ပညာရပ်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်အား နိုဝင်ဘာလအတွင်းက ချုပ်ဆိုခဲ့ပြီးဖြစ်ရာ နှစ်နိုင်ငံဆေးတက္ကသိုလ်များအကြား ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဆင့်မြင့်သင်တန်းများ၊ သိပ္ပံပညာ ရပ်ဆိုင်ရာလက်တွေ့ဆွေးနွေးပွဲများ၊ ပညာရေးဆိုင်ရာညီလာခံများ၊ သင်တန်းများဖလှယ်ဆောင်ရွက် မည့် ကိစ္စရပ်များ အစရှိသည်တို့ကို ရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။
     အဆိုပါတွေ့ဆုံပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ၊ ဘယ်လာရုစ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။