|
ရန်ကုန်၊ နိုဝင်ဘာလ (၃၀) ရက် ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ဆေးတက္ကသိုလ်(၁)၊ ရန်ကုန် (၆၁)ကြိမ်မြောက်ဘွဲ့နှင်းသဘင်ဂုဏ်ပြုညစာစားပွဲအခမ်းအနားကို ယမန်နေ့ ညနေ(၆:၀၀)နာရီက ဆေးတက္ကသိုလ်(၁)၊ ရန်ကုန် လမ်းမတော်မြက်ခင်းပြင်၌ ကျင်းပသည်။ |
|
![]() |
![]() |
| အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ မြန်မာနိုင်ငံ ဆေးကောင်စီ၊ နာယက၊ ဥက္ကဌ၊ မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့ ဥက္ကဌ၊ မြန်မာနိုင်ငံဆရာဝန်အသင်းဥက္ကဌ၊ အထူးဖိတ်ကြားထားသူများနှင့် ဆေးရုံအုပ်ကြီးများ ပညာရေးအဖွဲ့ဝင် ပါမောက္ခ/ဌာနမှူးများနှင့် ဆရာ/မများ၊ တက္ကသိုလ်ဝန်ထမ်းများ၊ ဘွဲ့ရမောင်မယ်များ စုံစုံညီညီ ပါဝင်တက်ရောက်ကြသည်။ | |
![]() |
![]() |
| ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက မိမိတို့နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်နေပြည်သူတွေဖြစ်သည့်အတွက် ကျေးလက်ဒေသက ပြည်သူ့ဆေးရုံများအထိ သွားရောက်၍ စေတနာ၊ မေတ္တာအပြည့်ဖြင့် ကျန်းမာရေး စောင့်ရှောက်မှုပေးကြရန်လိုကြောင်း၊ လူနာများကို ကျန်းမာရေးစောင့်ရှောက်မှု ပေးရာတွင် Knowledge နဲ့ Skills အပြင် ခံယူချက် Attitude၊ တာဝန်သိ စိတ်သည် အရေးကြီးသကဲ့သို့ ကိုယ်ချင်းစာနာစိတ် Empathy၊ သနားကြင်နာစိတ် Sympathy တို့အပြင် ဆရာဝန်များလိုက်နာကျင့်သုံး ရမည့်ကျင့်ဝတ် Medical Ethics ကို ခါးဝတ်ပုဆိုးလိုမြဲမြံစွာ လိုက်နာ ကျင့်သုံးဖို့လည်း တိုက်တွန်းပြောကြားလိုကြောင်းပြောကြားသည်။ | |
![]() |
![]() |
| ယင်းနောက် ဆေးတက္ကသိုလ်(၁)၊ ရန်ကုန် ပါမောက္ခချုပ်နှင့် ဘွဲ့ရမောင်မယ်တစ်ဦးက ကျေးဇူးတင် စကားပြန်လည်ပြောကြားခဲ့ပြီး ဆေးတက္ကသိုလ်(၁)၊ ရန်ကုန် ကျောင်းသား ကျောင်းသူများနှင့် ဘွဲ့ရမောင်မယ်များမှ အဆိုအကများဖြင့် ဧည့်ခံဖျော်ဖြေကြသည်။
ဆေးတက္ကသိုလ်(၁)အနေဖြင့် ဒီပလိုမာဘွဲ့ရရှိသူပေါင်း(၁၈၂၄)ဦး၊ ဆေးပညာမဟာသိပ္ပံဘွဲ့ ရရှိသူပေါင်း (၄၂၉၃)ဦး၊ ပါရဂူဘွဲ့ရရှိသူပေါင်း (၇၉၄)ဦး၊ ဆေးပညာဘွဲ့ရရိသူ (၂၀၂၄၂)ဦး မွေးထုတ်ပေးနိုင်ခဲ့ပြီး လက်ရှိတွင်လည်းဘွဲ့ကြိုသင်တန်းသား သင်တန်းသူ စုစုပေါင်း (၂၂၆၆)ဦး နှင့်ဘွဲ့လွန် ဒီပလိုမာ(၉)ဦး၊ ဆေးပညာမဟာသိပ္ပံဘွဲ့(၃၆၁)ဦး၊ ပါရဂူဘွဲ့(၂)ဦး၊ ဆေးလက်တွေ့ပါရဂူဘွဲ့(၁၉၅)ဦး ဘွဲ့လွန် သင်တန်းသားစုစုပေါင်း (၅၆၇)ဦး တက်ရောက် သင်ကြားလျက်ရှိပါသည်။ |
|
ဆေးတက္ကသိုလ် (၁) ရန်ကုန် (၆၁)ကြိမ်မြောက် ဘွဲ့နှင်းသဘင်ဂုဏ်ပြုညစာစားပွဲအခမ်းအနားကျင်းပ
in






