| ရန်ကုန်၊ ဒီဇင်ဘာ ၁၃
အာရှ-ပစိဖိတ်ဒေသ အသည်းရောဂါဆေးပညာရှင်များ ညီလာခံဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန် မြို့၊ Lotte Hotel ၌ ကျင်းပသည်။ |
|
![]() |
![]() |
| အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆေးတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပါမောက္ခ၊ ဌာနမှူးများ၊ ဆေးရုံအုပ်ကြီးများ၊ မြန်မာနိုင်ငံဆေးကောင်စီ၊ မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့၊ မြန်မာနိုင်ငံ ဆရာဝန်အသင်းတို့မှ ဥက္ကဌများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ အာရှ-ပစိဖိတ်ဒေသ အသည်းရောဂါဆေးပညာ ရှင်များအသင်း(APASL)ဥက္ကဌ တူကီယဲနိုင်ငံမှ Professor Necati Ormeci (Türkiye), APASL ဦးဆောင် ကော်မတီဥက္ကဌ အိန္ဒိယနိုင်ငံမှ Professor Shiv Sarin, အိန္ဒိယနိုင်ငံ အမျိုးသားအသည်းရောဂါ ပညာရှင်များအသင်းဥက္ကဌ Professor Barjesh Chander Sharma နှင့် ပြည်တွင်း၊ ပြည်ပမှ အသည်းရောဂါအထူးကုဆရာဝန်များ တက်ရောက်ကြသည်။ | |
![]() |
![]() |
![]() |
![]() |
| ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ညီလာခံတွင် အသည်းခြောက်ရောဂါနှင့် နောက်ဆက်တွဲဆိုးကျိုးများအကြောင်း အဓိကထားဆွေးနွေးမည်ဟု သိရှိရကြောင်း၊ အသည်းခြောက် ရောဂါသည် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးပြသာနာတစ်ရပ်အဖြစ် တည်ရှိလျက်ရှိပြီး အသည်းရောဂါ ကြောင့် ဦးနှောက်ရောင်ရမ်းခြင်း၊ ရေဖျဉ်းစွဲခြင်းနှင့် အသည်းကင်ဆာကဲ့သို့သော နောက်ဆက်တွဲ ကျန်းမာရေးပြသနာများကိုဖြစ်ပေါ်စေကြောင်း၊ အသည်းခြောက်ရောဂါလူနာများအတွက် အသည်း အစားထိုးကုသခြင်းကသာ တစ်ခုတည်းသော ကုသပျောက်ကင်းနိုင်သည့်နည်းလမ်း ဖြစ်နေဆဲဖြစ်သော် လည်း ယခုကျင်းပသည့်ညီလာခံတွင် အခြားကုသနိုင်သည့်နည်းလမ်းများ၊ အသည်းခြောက်ရောဂါ ကြောင့် အသည်းနှင့်ကိုယ်တွင်းအင်္ဂါများ ပျက်စီးခြင်းများအတွက် ကုသရေးနည်းလမ်းများကိုလည်း ဆွေးနွေးသွားကြမည်ဟုသိရှိရကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အသည်းနှင့်အစာအိမ်အူလမ်းကြောင်းရောဂါဆိုင်ရာ ပညာရပ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစဉ်အမြဲပံ့ပိုးကူညီပေးလျက်ရှိရာ အသည်းရောင် အသားဝါရောဂါ၊ အသည်းခြောက်ရောဂါနှင့် အသည်းကင်ဆာရောဂါ၊ အစာအိမ် အူလမ်းကြောင်းဆိုင်ရာ ကုသမှုများအတွက် လမ်းညွှန်ချက်များထုတ်ဝေခြင်း၊ အသည်းရောင်အသားဝါ ဘီပိုး ကင်းစင်းအောင် အသည်းရောင်အသားဝါဘီပိုး ကာကွယ်ဆေးကို မွေးကင်းစကလေးငယ်များအား ထိုးနှံပေးလျက်ရှိပြီး ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင်လည်း ထည့်သွင်းထိုးနှံပေးလျက်ရှိကြောင်း၊ ၂၀၁၇ ခုနှစ်မှတင်၍ အသည်းရောင်အသားဝါစီရောဂါ ထိန်းချုပ်ရေးစီမံချက်အရ အသည်းရောင် အသားဝါစီရောဂါ ကုသရေးအတွက် အသည်းအရောင်အသားဝါစီရောဂါ ဆေးကုသပေးလျက်ရှိပြီး တစ်နိုင်ငံလုံးသို့ ဆေးဝါးများ အခမဲ့ထောက်ပံ့ပေးလျက်ရှိပြီး မြန်မာနိုင်ငံတွင် အသည်းအရောင် အသားဝါစီပိုး ကင်းစင်ပပျောက်ရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် အသည်းအမာရွတ်ဖြစ်ခြင်းကို တိကျစွာအကဲဖြတ်နိုင်မည့် စက်ပစ္စည်းများကိုလည်း ပြည်သူ့ဆေးရုံများတွင် တပ်ဆင်ပေးခြင်း၊ အစာအိမ်နှင့်အူလမ်းကြောင်းကြည့် မှန်ပြောင်းများကို ကုတင် ၂၀၀ နှင့်အထက် ပြည်သူ့ဆေးရုံကြီးများသို့ ထောက်ပံ့ပေးလျက်ရှိခြင်း၊ အသည်းကင်ဆာ ဝေဒနာရှင်များအတွက် အသည်းဆေးဖျန်းကုသခြင်းအား ထောက်ပံ့ပေးခြင်း အစရှိသည်တို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် အသည်းအစားထိုးကုသမှုများ အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ရာ အသည်းရောဂါဆေးပညာရပ်နှင့် ခွဲစိတ်ပညာရပ်များ၏ ပူးပေါင်းဆောင်ရွက်မှုရလဒ်ဖြစ်ကြောင်း၊ ယခုညီလာခံမှ အသည်းခြောက်ရောဂါနှင့် နောက်ဆက်တွဲဆိုးကျိုးများအား ကုသခြင်းနည်းလမ်းသစ်များ၊ အသည်းရောဂါကုသခြင်းဆိုင်ရာ နောက်ဆုံးပေါ် နည်းစနစ်များကို ဖော်ထုတ်ဆွေးနွေးနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။ | |
![]() |
![]() |
![]() |
![]() |
| ယင်းနောက် မြန်မာ့ရိုးရာအကအလှများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
အဆိုပါညီလာခံကို ဒီဇင်ဘာ ၁၃ ရက်နေ့မှ ၁၄ ရက်နေ့အထိ ကျင်းပကာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ ဂျပန်နိုင်ငံ၊ တူကီယဲနိုင်ငံ၊ ဩစတြေးလျနိုင်ငံ၊ အာမေးနီယားနိုင်ငံနှင့် အာဆီယံနိုင်ငံများမှ အသည်းရောဂါဆေးပညာရှင်များက မြန်မာနိုင်ငံ အသည်း ရောဂါဆေးပညာရှင်များနှင့်အတူ အသည်းရောဂါဆေးပညာရပ်ဆိုင်ရာ ဗဟုသုတမျှဝေခြင်း၊ လက်တွေ့ ကုသမှုအတွေ့အကြုံများမျှဝေခြင်းတို့ ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံပေါင်း ၁၈ နိုင်ငံမှ အသည်းရောဂါ ပညာရှင် ၄၅ ဦးနှင့် မြန်မာနိုင်ငံမှ အသည်းရောဂါပညာရှင်များ၊ အထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်များ စုစုပေါင်း ၃၂၀ ဦးခန့် တက်ရောက်ကြမည်ဖြစ်သည်။ |
|
|
![]() |
မြန်မာနိုင်ငံကအိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် အာရှ-ပစိဖိတ်ဒေသ အသည်းရောဂါဆေးပညာရှင်များ ညီလာခံဖွင့်ပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း တက်ရောက်အဖွင့် အမှာစကားပြောကြားခြင်း
in











