|
နေပြည်တော်၊ ဖေဖော်ဝါရီလ ၂၄
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC) ဌာနေကိုယ်စားလှယ် မစ္စတာ အားနော့ဒီဘေ့ခ်နှင့်အဖွဲ့အား (၂၄-၂-၂၀၂၆) ရက်နေ့ နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ကျန်းမာရေးဝန်ကြီးဌာနနှင့် ICRC အဖွဲ့တို့အကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ ရန်ကုန်မြို့ အမျိုးသားပြန်လည်သန်စွမ်းရေးဆေးရုံရှိ ခြေတုလက်တုအလုပ်ရုံအပါအဝင် ကျန်းမာရေးဝန်ကြီးဌာန၏ ပြန်လည်သန်စွမ်းရေး ဌာနများအား နည်းပညာအထောက်အပံ့ပေးရေး၊ အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုသင်တန်းများပေးရေးနှင့် ၂၀၂၆ ခုနှစ်အတွင်း ဝန်ကြီးဌာနနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ကျန်းမာရေးဝန်ကြီးဌာနမှ ဌာနဆိုင်ရာတာဝန်ရှိများ တက်ရောက်ခဲ့ကြပါသည်။
|
|
![]() |
![]() |
![]() |
![]() |
ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်း အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ၏ ဌာနေကိုယ်စားလှယ် မစ္စတာ အားနော့ဒီဘေ့ခ်အား လက်ခံတွေ့ဆုံ
in




