|
နေပြည်တော်၊ မတ်လ ၃ ရက်
တတိယအကြိမ် ပြည်ထောင်စုအဆင့်လွှတ်တော်များ၏ ပထမပုံမှန်အစည်းအဝေးများ အောင်မြင်စွာ ကျင်းပနိုင်ရေး ကျန်းမာရေးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ မတ်လ ၃ ရက်နေ့၊ နံနက် ၉ နာရီတွင် ကျန်းမာရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ တတိယအကြိမ် ပြည်ထောင်စုအဆင့်လွှတ်တော်များ၏ ပထမပုံမှန်အစည်းအဝေး အောင်မြင်စွာကျင်းပနိုင်ရေး ကျန်းမာရေးကော်မတီ ဥက္ကဋ္ဌ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ကျန်းမာရေးကော်မတီအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်သည်။
|
|
![]() |
![]() |
| အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက တတိယအကြိမ် ပြည်ထောင်စုအဆင့် လွှတ်တော်များ၏ ပထမပုံမှန်အစည်းအဝေးကျင်းပပြုလုပ်ရာတွင် ကျန်းမာရေးကော်မတီအနေဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းတစ်ခုချင်းစီအတွက် လစ်ဟင်းမှုမရှိစေရေး ကော်မတီအဖွဲ့ဝင်များ၊ လုပ်ငန်းအဖွဲ့များ၊ ဦးစီးဌာနများအလိုက် သက်ဆိုင်ရာ တာဝန်ရှိသူများအားလုံး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရန်၊ တာဝန်ချထားမည့် ဆေးအဖွဲ့များအနေဖြင့် အရေးပေါ်ကျန်းမာရေး အခြေအနေတွင် လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သောမွမ်းမံသင်တန်းများ ဆောင်ရွက်ပေးကြရန်၊ ဆေးနှင့်ဆေးပစ္စည်း အမျိုးအစား စုံလင်အောင် စုဆောင်းပြင်ဆင်ထားကြရန် ၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ခုတင်-၁၀၀၀)နှင့် အမှတ်(၂)တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀) နေပြည်တော်တို့၌ လွှတ်တော်ကိုယ်စားလှယ်များ ပြင်ပလူနာအဖြစ် လာရောက်ပြသနိုင်ရေး၊ အတွင်းလူနာအဖြစ် တက်ရောက်ဖို့လိုအပ်ပါက တက်ရောက်နိုင်ရေးတို့အတွက် သင့်လျော်သော လူနာခန်းများ ပြင်ဆင်ထားရှိခြင်း၊ အထူးကုဆရာဝန်ကြီးများနှင့် ပြသနိုင်ရေးစီစဉ်ဆောင်ရွက်ခြင်းတို့ အပါအဝင် လိုအပ်သောကုသရေးလုပ်ငန်းများအတွက် ပြည့်စုံအောင် စီစဉ်ဆောင်ရွက်ပေးထားရန် လိုကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များအတွက် လွှတ်တော်အဆောက်အဦများနှင့် တည်းခိုရိပ်သာများတွင် ဖွင့်လှစ်မည့် စားသောက်ဆိုင်များ၌ အစားအသောက် ချက်ပြုတ်မည့်သူများ၊ အစားအသောက်ကိုင်တွယ်ဧည့်ခံမည့်သူများအား အစားအသောက်များ ကျန်းမာရေးနှင့် ညီညွတ်စေရေး ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို အသိပညာပေးသင်ကြားပြသ၍ ကူးစက်ရောဂါ များအတွက် တစ်ကိုယ်ရည်ကျန်းမာရေးစစ်ဆေးမှုများကိုလည်း ဆောင်ရွက်ကြရန်၊ သောက်ရေ၊ သုံးရေများ သန့်ရှင်းမှုရှိစေရေးအတွက် ကလိုရင်းဆေးခတ်ခြင်း၊ ခြင်ဆေးဖျန်းခြင်း၊ ယင်ကောင်များ ပေါက်ပွားမှု မရှိစေရေး ဆေးဖျန်းခြင်း၊ ပတ်ဝန်းကျင်သန့်ရှင်းရေးတို့အတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ ရက်ရှည်ဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ်သဖြင့် ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာလုပ်ငန်းများကို နေ့စဉ်ဆောင်ရွက်သွားရမည့် လုပ်ငန်းများ၊ အပတ်စဉ် ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ ပုံမှန်ဆောင်ရွက်သွားကြမည့် အစီအစဉ်များကို သေချာစီစဉ် ဆောင်ရွက်သွားကြရန် ဖြစ်ပါကြောင်း ပြောကြားသည်။ | |
![]() |
![]() |
| ထို့နောက် ကျန်းမာရေးကော်မတီ အတွင်းရေးမှူး ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာလှက လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများကို တင်ပြပြီး ဆေးကုသရေး လုပ်ငန်းအဖွဲ့၊ ရေကောင်းရေသန့်သုံးစွဲရေးနှင့် အစားအစာကြီးကြပ်မှုလုပ်ငန်းအဖွဲ့၊ ကူးစက်ရောဂါ နှိမ်နင်းရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းအဖွဲ့ အဖွဲ့ခေါင်းဆောင်များက လုပ်ငန်းအဖွဲ့များအလိုက် ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြကြပါသည်။ | |
![]() |
![]() |
| ယင်းနောက် ကျန်းမာရေးကော်မတီ အဖွဲ့ဝင်များနှင့် တက်ရောက်လာကြသူများက အထွေထွေ ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။ | |
![]() |
![]() |
![]() |
![]() |
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း တတိယအကြိမ် ပြည်ထောင်စုအဆင့်လွှတ်တော်များ၏ ပထမပုံမှန်အစည်းအဝေးများ အောင်မြင်စွာ ကျင်းပနိုင်ရေး ကျန်းမာရေးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်
in










