ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ

     ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် မစ္စတာ ဂျေမီနာဒယ်ရွိုက် အား ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

     တွေ့ဆုံစဉ် ဝန်ကြီးဌာနနှင့် UNFPA အဖွဲ့တို့အကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် မိခင်နှင့် မျိုးဆက်ပွားကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ မြှင့်တင်ရေးကိစ္စရပ်များ၊ နိုင်ငံ တော်နှင့်ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည့်မိခင်နှင့် ကလေးကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများတွင် ချမှတ်ထားသည့် မူဝါဒများနှင့်အညီ ပူးပေါင်းဆောင်ရွက် နိုင်ရေးနှင့်  ဆက်လက်ပူးပေါင်းဆောင် ရွက်မည့် ကိစ္စရပ်များကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။
     ဆွေးနွေးပွဲသို့ ကျန်းမာရေးဝန်ကြီးဌာနဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ၊ မြန်မာ နိုင်ငံဆိုင်ရာ UNFPA ရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ကြပါသည်။