| နေပြည်တော်၊ ဩဂုတ်လ ၂၇
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)မှ ဌာနေကိုယ်စားလှယ် မစ္စတာအားနော့ဒီဘေ့ခ်နှင့် အဖွဲ့အား ယနေ့ နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာနရှိ ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမ၌ တွေ့ဆုံသည်။ |
|
![]() |
![]() |
| တွေ့ဆုံစဉ် ICRC က ဆောင်ရွက်လျက်ရှိသော လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးရေးကိစ္စရပ်များ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ICRC အဖွဲ့တို့ အကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ မန္တလေးငလျင်ကြီး ပြန်လည်ထူထောင်ရေးကာလတွင် ICRC အနေဖြင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိ သည့်ကိစ္စရပ်များ၊ ၂၀၂၅ ခုနှစ်အတွင်း ICRC မှ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို အမြင်ချင်း ဖလှယ်ဆွေးနွေးကြသည်။ | |
![]() |
![]() |
| တွေ့ဆုံပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ၊ ICRC မှကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။ | |
![]() |
![]() |
![]() |
![]() |
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်း အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC)၏ဌာနေကိုယ်စားလှယ် မစ္စတာအားနော့ဒီဘေ့ခ်အား လက်ခံတွေ့ဆုံ
in








