| နေပြည်တော်၊ (၂၀၂၅) ခုနှစ်၊ ဩဂုတ်လ (၁၃) ရက်
(၂၀၂၅-၂၀၂၆) ပညာသင်နှစ်၊ ကျောင်းကျန်းမာရေးသီတင်းပတ် လှုပ်ရှားမှု (ဗဟိုအဆင့်) အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက် (၉:၀၀) နာရီတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၄) အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။ |
|
![]() |
![]() |
| ဦးစွာ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက (၂၀၂၅-၂၀၂၆) ပညာသင်နှစ်မှ စတင်၍ အခြေခံပညာကျောင်းများအားလုံး ကျန်းမာရေးအဆင့်မြှင့်ကျောင်းများ အဖြစ် သတ်မှတ်နိုင် ရေးကို ဒေသအလိုက်၊ ကျောင်းအလိုက် ပညာရေးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မိဘ/ ဆရာများနှင့် ပူးပေါင်းပြီး အတတ်နိုင်ဆုံး ဝိုင်းဝန်းအကောင်အထည်ဖော်ကြရန် တိုက်တွန်းပြောကြားလိုပါ ကြောင်း၊ ယခုပညာသင်နှစ် ကျောင်းကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဦးစားပေးလုပ်ငန်း များအဖြစ် ကျောင်းအခြေပြု သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ဖြစ်သည့် ကျောင်းများမဖွင့်မီ ခြင်ဆေးဖြန်းခြင်း၊ ဆေးမှုတ်ခြင်း၊ (၆) ပတ် တစ်ကြိမ် ပိုးလောက်လမ်း သေဆေး (အဘိတ်) ခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ သွေးလွန်တုပ်ကွေး ရောဂါနှင့် ပတ်သက်ပြီး အသိပညာပေးပြောကြားခြင်း၊ ကျောင်းတွင်းအာဟာရကျွေးမွေးခြင်း လုပ်ငန်းများနှင့် ကျောင်းမုန့်ဈေးတန်းများ ကျန်းမာရေးနှင့် ညီညွတ်စေရေးလုပ်ငန်းများကို ပညာရေးနှင့် ကျန်းမာရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရန်လည်း တိုက်တွန်းပြောကြားလိုပါကြောင်း၊ ကျောင်းတွင်း အာဟာရ ကျွေးမွေးခြင်းလုပ်ငန်းကို (၂၀၂၄-၂၀၂၅) ပညာသင်နှစ်မှ စတင်၍ ဆောင်ရွက်ခဲ့ပြီး (၂၀၂၅-၂၀၂၆) ပညာသင်နှစ်တွင်လည်း ဆက်လက်ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးအဆင့်မြှင့်ကျောင်းလုပ်ငန်းစဉ်များကို တစ်နိုင်ငံလုံး ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခြင်းဖြင့် (၂၀၂၅-၂၀၂၆) ပညာသင်နှစ် ကျောင်း ကျန်းမာရေးသီတင်းပတ် လှုပ်ရှားမှု အထိမ်းအမှတ် ဆောင်ပုဒ်ဖြစ်သည့် “လူငယ်များ ဗလငါးတန် ဖွံ့ဖြိုးဖို့ ကျောင်းကျန်းမာရေး မြှင့်တင်စို့” ဆိုသည့်အတိုင်း နိုင်ငံ၏အရေးကြီးသည့် လူ့စွမ်းအား အရင်းအမြစ် ဖြစ်သည့် ကျောင်းသားလူငယ်များကို ဗလငါးတန်နှင့် ပြည့်စုံစေမည် ဖြစ်ကြောင်း ပြောကြားသည်။ | |
![]() |
![]() |
| ထို့နောက် ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက (၂၀၂၅-၂၀၂၆) ပညာသင်နှစ်တွင် ကျန်းမာရေးဝန်ကြီး ဌာနမှ ဆက်လက်ဆောင်ရွက်မည့် ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းလုပ်ငန်းအပါအဝင် ကျန်းမာရေးအဆင့်မြှင့် ကျောင်းလုပ်ငန်းစဉ်များတွင်လည်း ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း ပြောကြားသည်။ | |
![]() |
![]() |
| ယင်းနောက် ကျန်းမာရေးသီတင်းပတ် အထိမ်းအမှတ်လှုပ်ရှားမှု ဗွီဒီယိုကိုပြသပြီး တက် ရောက်လာကြသူများနှင့်အတူ (၂၀၂၅-၂၀၂၆) ပညာသင်နှစ်၊ ကျောင်းကျန်းမာရေးသီတင်းပတ် အထိမ်းအမှတ် ပြခန်းငယ်ကို လှည့်လည်ကြည့်ရှုသည်။ | |
![]() |
![]() |
| ဆက်လက်၍ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များသည် ကျောင်းကျန်းမာရေးသီတင်းပတ် အထိမ်းအမှတ် လှုပ်ရှားမှုများ ဆောင်ရွက်နေသည့် အမှတ် (၁၀) အခြေခံပညာအထက်တန်းကျောင်း (ဇမ္ဗူသီရိမြို့နယ်)သို့ သွားရောက်၍ ကျန်းမာရေးအဆင့်မြှင့် ကျောင်းလုပ်ငန်းများ ဖြစ်သည့် ပဏာမမျက်စိ ကျန်းမာရေး စစ်ဆေးခြင်း၊ ကျောင်းကျန်းမာရေး စစ်ဆေးမှု မှတ်တမ်းကတ်များအား အသုံးပြုပြီး အထွေထွေကျန်းမာရေး စစ်ဆေးခြင်း၊ သွားနှင့် ခံတွင်းကျန်းမာရေး စစ်ဆေးကုသမှုပေးခြင်း၊ အလယ်တန်း ကျောင်းသူများအား သံဓါတ် အားဆေး တိုက်ကျွေးခြင်း၊ အခြေခံပညာကျောင်းသား၊ ကျောင်းသူများအား သန်ချဆေး တိုက်ကျွေးခြင်း၊ ပိုးလောက်လမ်း ကင်းစင်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်း များ ဆောင်ရွက်ခြင်း၊ ဆရာ၊ ဆရာမ များနှင့် ကျောင်းသားမိဘများမှ အာဟာရ ပြည့်ဝမျှတသည့် အစားအစာများ ပြင်ဆင်ချက်ပြုတ် ပြသခြင်း၊ ကျောင်းသား၊ ကျောင်းသူကလေးများက အစာအုပ်စု (၃) အုပ်စုနှင့် ပတ်သက်၍ အာဟာရ ပညာပေးခြင်း၊ KG ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်း အာဟာရကျွေးမွေးမှု ဆောင်ရွက် ခြင်း၊ စနစ်တကျ လက်ဆေးခြင်းနှင့် စနစ်မှန် သွားတိုက်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုအားပေးခဲ့ပါသည်။ | |
![]() |
![]() |
| အထိမ်းအမှတ်အခမ်းအနားကို ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူ များ၊ ပြည်ထောင်စုနယ်မြေ (နေပြည်တော်)မှ ကျန်းမာရေးနှင့် ပညာရေးဝန်ထမ်းများ၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံ အမျိုးသမီး ရေးရာအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတို့မှ ဥက္ကဌများနှင့် နှီးနွယ်ဌာနများမှ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါ သည်။ | |
![]() |
![]() |
![]() |
![]() |
(၂၀၂၅-၂၀၂၆) ပညာသင်နှစ်၊ ကျောင်းကျန်းမာရေးသီတင်းပတ် လှုပ်ရှားမှု (ဗဟိုအဆင့်) အထိမ်းအမှတ် အခမ်းအနား သို့ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးတို့ တက်ရောက်
in














