ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့၏ အာရှ-ပစိဖိတ်ဒေသဆိုင်ရာညွှန်ကြားရေးမှူးအား လက်ခံတွေ့ဆုံ

နေပြည်တော်၊ ဩဂုတ်လ ၁၂ ရက်

     ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် အပြည်ပြည် ဆိုင်ရာ ရွှေ့ပြောင်းသွားလာရေးအဖွဲ့ (International Organization for Migration-IOM)၏ အာရှ-ပစိဖိတ် ဒေသဆိုင်ရာညွှန်ကြားရေးမှူး Mr.Iori KATO အား ယနေ့မွန်းလွဲပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံပါသည်။

     တွေ့ဆုံစဉ် ဝန်ကြီးဌာနနှင့် IOMတို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရေးကိစ္စရပ်များ၊ ဝန်ကြီးဌာနနှင့် IOM တို့ ကျန်းမာရေးပူးပေါင်း ဆောင်ရွက်မှုလုပ်ငန်း များပူးပေါင်းဆောင်ရွက်ခဲ့သည်မှာ ‌ နှစ်ပေါင်း(၂၀) ခန့်ကြာမြင့်ခဲ့ပြီ ဖြစ်ရာဆက်လက်ပူးပေါင်း ဆောင်ရွက်မည့်ကိစ္စရပ်များ၊ ခုခံကျကာလသားရောဂါနှင့် တီဘီရောဂါကာကွယ်ကုသရေး လုပ်ငန်းများနှင့် နိုင်ငံတော်မှ နှစ်စဉ်အေအာတီနှင့် တီဘီရောဂါ ကုသရေးဆေးဝါးများ ဝယ်ယူပံ့ပိုးပေး လျက်ရှိသည့်ကိစ္စရပ်များ၊ ရွှေ့ပြောင်းလုပ်သားများ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ပိုမိုတိုးမြှင့်ဆောင်ရွက်ရေး ကိစ္စရပ်များ၊ မန္တလေးငလျင်ဘေးသင့်ဒေသများတွင် စိတ်ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရွေး ကိစ္စရပ်များကို အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။
     တွေ့ဆုံပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာ နိုင်ငံဆိုင်ရာ IOM ရုံးမှကိုယ်စားလှယ်များ၊ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။