|
နေပြည်တော်၊ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၈ ရက် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့တွင် ဆရာဝန် (သစ်လွင်)နှင့် သွားနှင့်ခံတွင်းဆရာဝန်(သစ်လွင်)များအား နိုင်ငံ့ဝန်ထမ်းပြန်တမ်းဝင်အရာရှိအဖြစ် တာဝန်ပေးအပ်ခြင်းအခမ်းအနား ဒုတိယပိုင်းသို့ တက်ရောက်၍ အမှာစကားပြောကြားခဲ့ပါသည်။ ရှေးဦးစွာ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးစီးဌာနတို့မှ ကျန်းမာရေးဝန်ထမ်းများက “ပြည်သူ့ကျန်းမာရေးသီချင်း”ဖြင့် တေးသရုပ်ဖော် ကပြဖျော်ဖြေကြပါသည်။ |
|
![]() |
![]() |
| ထို့နောက် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် နိုင်ငံ့ဝန်ထမ်းသစ်လွင်ဆရာဝန်များအဖြစ် ခန့်အပ်တာဝန်ပေးအပ်ခြင်းခံရသည့် မျိုးဆက်သစ် သစ်လွင် ဆရာဝန်များအား စီနီယာ လုပ်ဖော်ကိုင်ဖက်များအနေဖြင့် နိုင်ငံတော်နှင့် ပြည်သူလူထု ကိုယ်စား အထူးပင်ဝမ်းမြောက်ကြိုဆိုပါကြောင်း၊ ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်း လိုအပ်ချက်ကို ဖြည့်ဆည်းနိုင် ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုနှင့်အညီ ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် ညှိနှိုင်းကာ စီမံဆောင်ရွက်ခဲ့ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများဖြစ်လာပြီ ဖြစ်သဖြင့် ရင့်ကျက်မှု၊ တည်ငြိမ်မှု ရှိရန်၊ အရာရာကို ကျယ်ပြန့်သည့် အမြင်ဖြင့် ကြည့်ရှုဆင်ခြင်နိုင်ကြရန်၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိကြရန် လိုပါကြောင်း၊ ဆေးပညာရှင်အနေဖြင့် သက်မွေးမှုဆိုင်ရာ ကျင့်ဝတ် (Professional Ethic) များ၊ ဆေးပညာရှင်များလိုက်နာရမည့် ကျင့်ဝတ် (Medical Ethic) များကို အလေးထားပြီး လိုက်နာ ဆောင်ရွက်ရမည့်အပြင် နိုင်ငံ့ဝန်ထမ်းတစ်ဦး လိုက်နာရမည့် စည်းမျဉ်း စည်းကမ်း၊ ကျင့်ဝတ်များ ကို လည်း သိရှိလိုက်နာ စောင့်ထိန်းကြရန် ဖြစ်ပါကြောင်း၊ မိမိတို့၏ ကျွမ်းကျင်ရာ ပညာရပ်များကို ပြည်သူလူထုအတွက် အသုံးချနိုင်ရမည်ဖြစ်သကဲ့သို့ နိုင်ငံ့ဝန်ထမ်းတစ်ဦးအနေဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားတို့အပေါ် ကျေးဇူးသစ္စာ စောင့်သိရမည်ဖြစ်ပါ ကြောင်း ပြောကြားခဲ့ပါသည်။ | |
![]() |
![]() |
| ဆက်လက်၍ မြန်မာနိုင်ငံဆေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးခင်နှင့် မြန်မာနိုင်ငံ သွားနှင့်ခံတွင်း ကောင်စီ ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာပိုင်စိုးတို့က ဆောင်ရွက်နေ့သည့် လုပ်ငန်းများနှင့် ဆရာဝန် (သစ်လွင်)များ၊ သွားနှင့်ခံတွင်းဆရာဝန်(သစ်လွင်)များ လိုက်နာကြရမည့် ကျင့်ဝတ်စည်းကမ်းများနှင့် ပတ်သက်၍ အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် ဆေးတက္ကသိုလ်(၂)ရန်ကုန်မှ ကျောင်းသား/ကျောင်းသူများက “ဗုဒ္ဓပူဇနိယ ဆီမီးခွက် အက” တေးသရုပ်ဖော်သီချင်းဖြင့် ဖျော်ဖြေခဲ့ပါသည်။
ယနေ့ ကျင်းပပြုလုပ်သည့် ဆရာဝန်(သစ်လွင်)နှင့် သွားနှင့်ခံတွင်းဆရာဝန်(သစ်လွင်)များအား နိုင်ငံ့ဝန်ထမ်းပြန်တမ်းဝင်အရာရှိအဖြစ် တာဝန်ပေးအပ်ခြင်းအခမ်းအနားတွင် ဆေးတက္ကသိုလ်များမှ သင်တန်းအောင်မြင်ပြီးဖြစ်သော ဆရာဝန်(သစ်လွင်) (၁၂၅၉)ဦးနှင့် သွားနှင့်ခံတွင်း ဆရာဝန်(သစ်လွင်) (၂၁)ဦးတို့အား နိုင်ငံ့ဝန်ထမ်းပြန်တမ်းဝင်အရာရှိအဖြစ် တာဝန်ပေးအပ်ခဲ့ပါသည်။ |
|
![]() |
![]() |
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဆရာဝန်(သစ်လွင်)နှင့် သွားနှင့်ခံတွင်းဆရာဝန်(သစ်လွင်)များအား နိုင်ငံ့ဝန်ထမ်းပြန်တမ်းဝင်အရာရှိအဖြစ် တာဝန်ပေးအပ်ခြင်းအခမ်းအနား ဒုတိယပိုင်းသို့ တက်ရောက်
in






