ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းအား အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) ၏ ဌာနေကိုယ်စားလှယ်နှင့်အဖွဲ့မှ လာရောက်ဂါရဝပြုတွေ့ဆုံဆွေးနွေး

နေပြည်တော်၊ အောက်တိုဘာ (၃၁)

     ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းအား အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)မှ ဌာနေကိုယ်စားလှယ် Ms. Elena Ajmone Sessera နှင့်အဖွဲ့မှ ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ဧည့်ခန်းမ၌ လာရောက်ဂါရဝပြုတွေ့ဆုံ၍ ကျန်းမာရေးဝန်ကြီးဌာနနှင့် ICRC တို့အကြား ပူးပေါင်း ဆောင်ရွက်မှု အခြေအနေများအား ဆွေးနွေးပြောကြားခဲ့ပါသည်။

     တွေ့ဆုံဆွေးနွေးရာတွင် ကျန်းမာရေးဝန်ကြီးဌာနနှင့် ICRC အဖွဲ့တို့အကြား ပူးပေါင်းဆောင်ရွက်နေသည့် ကျန်းမာရေးစောင့်ရှောက်မှုကိစ္စရပ်များ၊ ခြေတုလက်တုထုတ်လုပ်တပ်ဆင်ရေး အလုပ်ရုံများနှင့် ပြန်လည်သန်စွမ်းရေးဌာနများအား နည်းပညာပိုင်းဆိုင်ရာအကူအညီပေးရေးနှင့် သင်တန်းပို့ချရေးဆိုင်ရာကိစ္စရပ်များ၊ လူသားချင်းစာနာထောက်ထားမှုအကူအညီ ပေးရေးကိစ္စရပ်များ၊ ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များအား ရင်းနှီးခင်မင်စွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ပါသည်။

     အဆိုပါအခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူး ချုပ်များ၊ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ICRC မှ ကိုယ်စားလှယ် များတက်ရောက်ခဲ့ ကြပါသည်။