ကျန်းမာရေးဝန်ကြီးဌာန အထူးကုဆေးကုသရေးအဖွဲ့ ဧရာတီတိုင်းဒေသကြီး၊ ပြည်သူ့ဆေးရုံကြီး ပုသိမ်မြို့သို့ ဒုတိယအကြိမ် ကွင်းဆင်းဆေးကုသမှုများဆောင်ရွက်

နေပြည်တော်၊ ၂၀၂၄ ခုနှစ် ၊ ဇန်နဝါရီလ ၂၁ ရက်

     ကျန်းမာရေးဝန်ကြီးဌာန၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အထူးကုဆေးရုံကြီး(ခုတင်-၅၀၀)-ရန်ကုန်၊ ကလေးဆေးရုံကြီး-ရန်ကုန်တို့မှ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများ ပါဝင်သည့် အထူးကု ဆေးကုသရေးအဖွဲ့သည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂၀)ရက်နေ့နှင့် (၂၁)ရက်နေ့တို့တွင် ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်မြို့သို့ သွားရောက်၍ ပြည်သူ့ဆေးရုံကြီး၊ ပုသိမ်မြို့မှ အထူးကုဆရာဝန်ကြီး များနှင့်အတူ ဒေသခံပြည်သူများအား ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ရာ အဆိုပါခရီးစဉ်အတွင်း နှလုံးဆေးကုသမှုဆိုင်ရာလူနာ (၁၇၃)ဦး၊ အစာအိမ်အူလမ်းကြောင်းဆိုင်ရာလူနာ (၆၇)ဦး၊ ဦးနှောက် နှင့်အာရုံကြောဆေးကုမှုဆိုင်ရာလူနာ (၁၅၁)ဦး၊ ဦးနှောက်နှင့်အာရုံကြောခွဲစိတ်ဆိုင်ရာလူနာ (၇၅)ဦး၊ အထွေထွေရောဂါဆိုင်ရာလူနာ (၉၅)ဦး၊ ရင်ခေါင်းဆေးကုသမှုဆိုင်ရာလူနာ (၇၉)ဦး၊ ဆီးချိုနှင့် ဟော်မုန်းရောဂါဆိုင်ရာလူနာ (၁၂၈)ဦး၊ အသည်းရောဂါဆိုင်ရာလူနာ (၆၆)ဦး၊ ကလေးကင်ဆာနှင့် ကလေးရောဂါလူနာ (၁၄)ဦး၊ ကလေးဦးနှောက်နှင့်အာရုံကြောဆိုင်ရာလူနာ (၁၂)ဦး၊ မျက်စိ‌ရောဂါ ဆိုင်ရာလူနာ (၆၉)ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါဆိုင်ရာလူနာ (၃၀)ဦး၊ အရိုးရောဂါလူနာ (၁၁၆)ဦး၊ သားဖွားမီးယပ်ဆိုင်ရာလူနာ (၁၂)ဦး၊ အရေပြားရောဂါဆိုင်ရာလူနာ (၁၃)ဦး၊ အထွေထွေ ခွဲစိတ်လူနာ (၁၉)ဦး၊ စုစုပေါင်းဒေသခံပြည်သူ (၁,၁၁၉)ဦးကို ကြည့်ရှုကုသပေးနိုင်ခဲ့ပါသည်။

     လာရောက်ပြသသော လူနာများတွင် ပုသိမ်မြို့သာမက ငပုတောမြို့၊ ကန်ကြီးထောင့်မြို့၊ မြောင်းမြမြို့၊ သာပေါင်းမြို့အပါအဝင် အခြားမြို့နယ်ပေါင်း (၂၃)မြို့နယ်မှ မြို့ပေါ်နှင့် ကျေးလက်နေ ပြည်သူများပါဝင်ပြီး ရောဂါရှာဖွေစမ်းသပ်မှုများအနေဖြင့် နှလုံးပုံရိပ်ဖော်စက်ဖြင့် ကြည့်ရှုခြင်း (Echocardiography) (၇၂)ဦး၊ အစာအိမ်မှန်ပြောင်းကြည့်ရှုခြင်း (OGD Scope) (၁၁)ဦး၊ အူမကြီး မှန်ပြောင်းကြည့်ရှုခြင်း (Colonoscope) (၄)ဦး၊ ကွန်ပျူတာဓာတ်မှန် (CT Scan) ရိုက်ကူးခြင်း (၂၇)ဦး၊ သွေးချိုဓာတ်(HbA1C)တိုင်းတာခြင်း (၃၆)ဦး၊ ဓာတ်မှန်ဖြင့် ရောဂါရှာဖွေခြင်း (၁၃၅)ဦး၊ ဓာတ်ခွဲ စမ်းသပ်စစ်ဆေးခြင်း (၂၀၇)ဦး၊ Ultrasound ရိုက်ကူးခြင်း (၇၅)ဦးနှင့် နှလုံးစက်ဖြင့် စစ်ဆေးခြင်း (ECG) (၁၇၅)ဦးတို့အား စမ်းသပ်စစ်ဆေးပေးနိုင်ခဲ့ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Pfizer vaccine) (၂၈)ဦး တို့ကိုလည်း ထိုးနှံပေးနိုင်ခဲ့ပါသည်။

     ထို့ပြင် နှလုံးရောဂါဆိုင်ရာလူနာ (၃)ဦး၊ အစာအိမ်အူလမ်းကြောင်းဆိုင်ရာလူနာ (၁)ဦး၊ ဦးနှောက်နှင့်အာရုံကြောဆေးကုသမှုဆိုင်ရာလူနာ (၃)ဦး၊ အထွေထွေရောဂါလူနာ (၁)ဦးတို့ကို လိုအပ် သောစစ်ဆေးကုသမှုများ ဆက်လက်ဆောင်ရွက်နိုင်ရန် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်း ကုသမှုဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။