နေပြည်တော််၊ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်
တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေးသည် ၂၂-၁-၂၀၂၄ ရက်နေ့ နေ့လယ်ပိုင်းတွင် ရန်ကုန်မြို့ရှိ ကေသီပန်တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးစက်ရုံနှင့် မှန်ချို တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးစက်ရုံတို့သို့ သွားရောက်၍ ကုန်ကြမ်းသိုလှောင်မှု၊ သန့်စင်မှု၊ အခြောက်ခံမှု၊ ဆေးထုတ်လုပ်မှုများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။ညွှန်ကြားရေးမှူးချုပ်နှင့်အတူ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး တိုင်းဒေသကြီးဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများလည်း လိုက်ပါကြည့်ရှုကြောင်း သတင်းရရှိပါသည်။
တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ရန်ကုန်မြို့ရှိ တိုင်းရင်းဆေးဝါးစက်ရုံများသို့ သွားရောက်ကြည့်ရှုခြင်း
in
