တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေးသည် မကွေးတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းဆေးရုံ၊ ဆေးကုဌာနများသို့ သွားရောက်ကြည့်ရှုစစ်ဆေးခြင်း

 မကွေး၊ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်

     တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေးသည် (၂၅-၁-၂၀၂၃)ရက်နေ့ နေ့လယ် (၃း၀၀)နာရီတွင် မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ် တိုင်းရင်းဆေးကုဌာနသို့ ရောက်ရှိပြီး လူနာစာရင်း၊ ဆေးဝါးထားသိုမှု၊ ဆေးကုဌာနအဆောက်အဦဟောင်းတို့အား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ လမ်းညွှန်မှာကြားကာ မကွေးမြို့သို့ဆက်လက်ထွက်ခွာခဲ့ပါသည်။

     (၂၆-၁-၂၀၂၃)ရက်နေ့နံနက်ပိုင်းတွင် မကွေးခုတင်(၅၀)ဆံ့တိုင်းရင်းဆေးရုံသို့ ရောက်ရှိပြီးဆေးရုံတက်ရောက် ကုသမှုခံယူနေသည့်လူနာများအခြေအနေ ၊ ဆေး‌စတိုနှင့် ပရဆေးပင်များ စိုက်ပျိုးထားရှိမှုတို့အား လှည့်လည် ကြည့်ရှုစစ်‌ဆေးပြီး ဝန်ထမ်းများနင့် တွေ့ဆုံပါသည်။ ဆက်လက်၍မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ် တိုင်းရင်းဆေးကု ဌာနသို့ရောက်ရှိပြီး ဆေးကုသပေးမှုအခြေအနေ၊ ဆေးဝါးထားသိုမှု၊ ဆေးကုဌာနအဆောက်အဦအဟောင်းတို့ ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

     ထို့နောက်မင်းဘူးခရိုင်နှင့်မင်းဘူးမြို့နယ်တိုင်းရင်းဆေးကုဌာနသို့ရောက်ရှိ စစ်ဆေးခဲ့ကာ မင်းဘူးခရိုင်ရှိ ဝန်ထမ်း အိမ်ရာအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ နေ့လယ်ပိုင်းတွင် မကွေးတိုင်းဒေသကြီး ဦးစီးဌာနမှုးရုံးသို့ ရောက်ရှိစစ်ဆေးကာ ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြား ဖြည့်ဆည်းပေးခဲ့ပါသည်။

     ညွှန်ကြားရေးမှူးချုပ်နှင့်အတူ တိုင်းရင်းဆေးပညာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး တိုင်းဒေသကြီးဦးစီးဌာနမှူး၊ မကွေးမြို့ ခုတင်(၅၀)ဆံ့ တိုင်းရင်းဆေးရုံအုပ်နှင့်တာဝန်ရှိသူများ လိုက်ပါကြကာ နေ့လယ်(၃း၀၀)နာရီတွင် ညွှန်ကြားရေးမှူးချုပ်သည် မကွေးတိုင်းဒေသကြီး မှ နေပြည်တော်သို့ ပြန်လည်ထွက်ခွါကြောင်း သတင်းရရှိ ပါသည်။