ရန်ကုန်၊ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်
ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်းနှင့်အဖွဲ့သည် (၂၂.၁.၂၀၂၄) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ လိုက်ပါလျက် ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်ရှိ လုပ်ငန်းခွင်နှင့်ပတ်ဝန်းကျင်ကျန်းမာရေးဌာနခွဲသို့ သွားရောက်၍ ပြည်သူ့ဆေးရုံနှင့် ပုဂ္ဂလိကဆေးရုံများမှ ပေးပို့လာသော အဆိပ်သင့် လူနာများ၏ သွေးနမူနာများတွင် (MetHb, CarboxyHb, Methanol poisoning, Organophosphate pesticide poisoning test) များအား Spectrophotometer အသုံးပြု၍ Manual method ဖြင့် စမ်းသပ် စစ်ဆေးခြင်း၊ ခဲဆိပ်သင့်လူနာများအတွက် သွေးအတွင်း ခဲပါဝင်မှုအား Atomic Absorption Spectrometer (AAS) စက်ဖြင့် စမ်းသပ်စစ်ဆေးခြင်း၊ ဆေးရုံဆေးခန်းနှင့် စက်ရုံများမှ ပေးပို့လာသော စွန့်ပစ်ရေများအား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာမှ ထုတ်ပြန်ထားသော National Environmental Quality Emission Guideline များနှင့်အညီ စစ်ဆေးပေးခြင်းနှင့် တိုင်းဒေသကြီး၊ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနများနှင့် စာသင်ကျောင်းများမှ သောက်သုံးရန် သင့်/ မသင့် ပေးပို့လာသော သောက်သုံးရေ နမူနာများအား စမ်းသပ်စစ်ဆေးခြင်း၊ စွန့်ပစ်ရေများတွင် အောက်စီဂျင်ပါဝင်မှု ပမာဏ အား (Biological Oxygen Demand နှင့် Chemical Oxygen Demand) test များဖြင့် စမ်းသပ် စစ်ဆေးခြင်း၊ ရေတွင်ပါဝင်သော ပိုးသတ်ဆေးအချို့အား Gas Chromatography နှင့် Gas Chromatography Mass Spectrometer စက်ကြီးများဖြင့် စမ်းသပ်စစ်ဆေးခြင်းတို့ကို ကြည့်ရှု စစ်ဆေး၍ လိုအပ်သည်များကို လမ်းညွှန်မှာကြား ညှိနှိုင်းဖြည့်ဆည်းပေးခဲ့ပါသည်။
