ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာတင်ထွန်း ဆေးတက္ကသိုလ် (၂) ရန်ကုန်ရှိ ဆောက်လုပ်ဆဲ (၆) ထပ်ဆောင်အား လှည့်လည်ကြည့်ရှု

ရန်ကုန် ဖေဖော်ဝါရီ ၁၆

     ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာတင်ထွန်းသည် ဆေးတက္ကသိုလ် (၂) ရန်ကုန်သို့ (၁၆-၂-၂၀၂၄) ရက်နေ့ မွန်းလွဲ (၁၃း၃၀) နာရီတွင် ရောက်ရှိခဲ့ပြီး ဆေးတက္ကသိုလ်(၂)ရန်ကုန်မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံ၍ ဆေးတက္ကသိုလ် (၂) ရန်ကုန်ရှိ ဆောက်လုပ်ဆဲ Domitory (R.C.C) (၆) ထပ်ဆောင်နှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေး လမ်းညွှန်မှာကြားခဲ့ပါသည်။

     ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာတင်ထွန်းသည် ဆောက်လုပ်ဆဲ Domitory (R.C.C) (၆) ထပ်ဆောင်အား လှည့်လည်ကြည့်ရှုပြီး တည်ဆောက်ရေးလုပ်ငန်းများ အား အချိန်မီ ပြီးစီးအောင် ဆောင်ရွက်နိုင်ရန်လိုအပ်ကြောင်း၊ QC Company မှလည်း ဆောက်လုပ်ရေးလုပ်ငန်းများအား သေချာစွာ ကြီးကြပ်စစ်ဆေးပေးရန်လိုအပ်ကြောင်းနှင့် အခြား လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း လမ်းညွှန်မှာကြားခဲ့ပါသည်။ ထို့နောက် ညွှန်ကြားရေးမှူးချုပ်သည် ဆေးတက္ကသိုလ်(၂)ရန်ကုန်မှ ၁၅:၄၅ နာရီချိန် တွင် ပြန်လည်ထွက်ခွါခဲ့ကြောင်း သတင်း ရရှိပါသည်။