တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နန်ကျင်းမြို့ရှိ ကျန်စုကူးစက်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာနတွင်ဖွင့်လှစ်မည့် ဓာတ်ခွဲခန်းနှင့်ပတ်သက်သောရောဂါများ ကာကွယ်ရေးနှင့်ထိန်းချုပ်ရေးဆိုင်ရာသင်တန်းသို့ ကျန်းမာရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်အဖွဲ့တက်ရောက်

နေပြည်တော်၊ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်

     ကျန်းမာရေးဝန်ကြီးဌာနသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကျန်းမာရေး စောင့်ရှောက်မှုနယ် ပယ်များ၊ ဆေးသုတေသနှင့် ဆေးပညာလေ့ကျင့်သင်ကြားရေးနယ်ပယ်များတွင် အတွေ့အကြုံ ဖလှယ်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်း လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိပါ သည်။

     ယင်းသို့ဆောင်ရွက်လျက်ရှိရာ ကျန်းမာရေးဝန်ကြီးဌာနမှ အထူးကုဆရာဝန်(၄)ဦး၊ ဓါတ်ခွဲခန်း ဆိုင်ရာ ကျွမ်းကျင်ပညာရှင်(၂၉)ဦး စုစုပေါင်း ကိုယ်စားလှယ်(၃၃)ဦးတို့သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ နန်ကျင်းမြို့ရှိ ကျန်စု ကူးစက်ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာနတွင် နိုဝင်ဘာလ(၂)ရက်မှ ဒီဇင်ဘာလ(၃၁)ရက်နေ့အထိဖွင့်လှစ်မည့် ဓာတ်ခွဲခန်းနှင့်ပတ်သက်သော ရောဂါများ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဆိုင်ရာသင်တန်းသို့ ပါဝင်တက်ရောက်ရန် နိုဝင်ဘာလ (၁)ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ထွက်ခွာခဲ့ ကြောင်းသိရှိရပါသည်။

     အဆိုပါ သင်တန်းတွင် ဓါတ်ခွဲခန်းနှင့်ပတ်သက်သော ကူးစက်ရောဂါများ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဆိုင်ရာနည်းပညာရပ်များအား လေ့လာသင်ကြားခွင့်ရရှိမည်ဖြစ်ပြီး အကျိုးကျေးဇူး အနေဖြင့် နိုင်ငံတကာမှပညာရှင်များနှင့်လည်း အတွေ့အကြုံကောင်းများ ဖလှယ်နိုင်မည်ဖြစ် ပြီးမိမိနိုင်ငံမှ ဓာတ်ခွဲခန်းဆိုင်ရာပညာရှင်များကိုလည်း နည်းပညာများ ပြန်လည်မျှဝေပေး နိုင်ကာ နေပြည်တော်တွင်ဖွင့်လှစ်မည့် မြန်မာနိုင်ငံ၏ ကူးစက်ရောဂါများ ကာကွယ်ထိန်းချုပ်ရေး နှင့်လေ့ကျင့်ရေးဗဟိုဌာနတွင် နည်းပညာများပြန်လည်အသုံးချနိုင်မည် ဖြစ်ပါသည်။

     နေပြည်တော်တွင်ဖွင့်လှစ်မည့် မြန်မာနိုင်ငံ၏ကူးစက်ရောဂါများ ကာကွယ်ထိန်းချုပ်ရေးနှင့် လေ့ကျင့်ရေးဗဟိုဌာနတွင် ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ၊ ရောဂါနှိမ်နင်းရေးဌာနခွဲ၊ ကပ်ပါးရောဂါဌာနခွဲနှင့် ဓါတ်ခွဲဌာနခွဲ စသည့်ဌာနခွဲများပါဝင်မည်ဖြစ်ပြီး တုပ်ကွေးရောဂါ၊ ဗိုင်းရပ်စ်ရောဂါ၊ ဘက်တီးရီးယား ရောဂါနှင့် ကပ်ပါးရောဂါများအား ဓါတ်ခွဲစစ်ဆေးခြင်း၊ အစား အသောက်ဘေးကင်းလုံခြုံရေးဆိုင်ရာ ဓါတ်ခွဲစစ်ဆေးခြင်း၊ လုပ်ငန်းခွင်နှင့် ဓာတုဗေဒ အဆိပ် သင့်မှုဆိုင်ရာဓါတ်ခွဲစစ်ဆေးခြင်း အစရှိသည်များဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရှိရပါ သည်။