နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်ကုသရေးဦးစီးဌာနမှ နေပြည်တော် နိုဝင်ဘာ ၂၉ မြန်မာနိုင်ငံ ပြည်သူ့ကျန်းမာ ရေးပညာရပ်ဆိုင်ရာ နှီးနှော ဖလှယ်ပွဲ(၂၀၂၃)ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ကွင်းဆင်းဆေးကုသပေးမှုကို ကြည့်ရှုအားပေး

နိုဝင်ဘာ ၂၉၊ ၂၀၂၃

     နေပြည်တော် နိုဝင်ဘာ ၂၉ မြန်မာနိုင်ငံ ပြည်သူ့ကျန်းမာ ရေးပညာရပ်ဆိုင်ရာ နှီးနှော ဖလှယ်ပွဲ(၂၀၂၃)ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် နေပြည်တော် ကုသရေး ဦးစီးဌာနမှ ဦးဆောင်၍ နေပြည်တော်ခုတင် (၃၀၀) ဆေးရုံကြီးနှင့် လယ်ဝေးခုတင်(၁၀၀) ဆေးရုံမှ အထူးကုဆရာဝန်များ ပါဝင်သောအဖွဲ့သည် နိုဝင်ဘာ ၂၉ ရက် နေ့ နံနက်ပိုင်းတွင် ဇေယျာသီရီမြို့နယ် စည်ပင်သာယာ ကျေးလက်ကျန်းမာရေးဌာန၌ ကျည်တောင် အုပ်စုအတွင်းမှ ဒေသခံပြည်သူ များအား ကွင်းဆင်း၍ အခမဲ့ ကျန်းမာရေး စောင့်ရှောက်ပေး နေမှုကို နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော် ကောင်စီအဖွဲ့ဝင် များ၊ တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှု အားပေးသည်။

     ထို့နောက် နေပြည် တော် ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ သည် လာရောက်ဆေးကုသမှု ခံယူလျက်ရှိသည့် ကျည်တောင် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ ရှစ်ရွာမှ ဒေသခံပြည်သူများ အား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီးပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားတော် များ၊ အာဟာရဖြစ် စားသောက်ဖွယ်ရာ များနှင့် နေ့စဉ်ထုတ်သတင်းစာ များပေးအပ်ပြီး အထူးကုဆရာဝန်ကြီးများ အား သစ်သီးခြင်းများ ပေးအပ်သည်။

     ထိုသို့ ကြည့်ရှုအားပေးစဉ် ကျန်းမာရေးဝန်ကြီးဌာန ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒေါက်တာမိုးခိုင်၊ နေပြည်တော်တိုင်း ပြည်သူ့ကျန်းမာရေး/ကုသရေး ဦးစီးဌာနမှူး ဒေါက်တာသန်းနိုင်စိုး၊ ဇေယျာသီရိခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများက နေပြည်တော် ကုသရေးဦးစီးဌာနမှ သမားတော်ကြီး၊ ခွဲစိတ်အထူးကု၊ ကလေးအထူးကု၊ မျက်စိအထူးကု၊ သားဖွားမီးယပ် အထူးကု၊ သွားအထူးကု၊ အရိုး အထူးကု ဆရာဝန်ကြီးများက ဒေသခံပြည်သူများအား အခမဲ့ ဆေးကုသပေးနေမှုများနှင့် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှု အခြေ အနေများကို လိုက်လံရှင်းလင်း ပြသရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

     ယနေ့ ကျည်တောင်အုပ်စုတွင် အခမဲ့ဆေးကုသပေးပြီး ကျန်းမာ ရေး စောင့်ရှောက်ပေးရာတွင် အထူးကုဆရာဝန်ကြီး များက အထွေ ထွေရောဂါလူနာ ၁၁၂ ဦး၊ မျက်စိ လူနာ ၁၀၃ ဦး၊ ခွဲစိတ်လူနာ ၃၅ ဦး၊ အရိုးလူနာ ၁၁၆ ဦး၊ ကလေး လူနာ ၁၂ ဦး၊ သားဖွားမီးယပ်လူနာ ရှစ်ဦး၊ သွားလူနာ ၁၆ ဦး စုစုပေါင်း ၄၀၂ ဦးကို ကုသမှုပေးခဲ့ ကြောင်း သိရသည်။