မြန်မာနိုင်ငံ ပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှော ဖလှယ်ပွဲ(၂၀၂၃)ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ဇေယျာသီရိမြို့နယ် ပြည်သူ့ ကျန်းမာရေးဝန်ထမ်းများက သက်ကြီးရွယ်အို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

ဇေယျာသီရိ၊ နိုဝင်ဘာ ၂၉

     မြန်မာနိုင်ငံ ပြည်သူ့ကျန်းမာ ရေးပညာရပ်ဆိုင်ရာ နှီးနှော ဖလှယ်ပွဲ(၂၀၂၃)ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ဇေယျာသီရိမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝေယံအောင်နှင့် အခြေခံကျန်းမာရေးဝန်ထမ်းများက နိုဝင်ဘာ ၂၉ ရက် နေ့ နေ့လယ်ပိုင်းတွင် သက်ကြီးရွယ်အို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအနေဖြင့် စည်ပင်သာယာကျေးရွာ ဘုန်းတော်ကြီး ကျောင်းရှိ အသက်အရွယ်ကြီးရင့်သူ သံဃာတော် များနှင့် ဒေသခံဘိုးဘွားများအား အဓိက မကူး စက်နိုင်သောရောဂါ များ၊ နှလုံးနှင့် နှလုံးသွေးကြော ရောဂါဖြစ်ပွားနိုင်ခြေ ရှာဖွေ စစ်ဆေးခြင်းနှင့် ကုသပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။