ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်း ဘန်ကောက်မြို့အခြေစိုက် ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံး (UNOPS)၏ အာရှဒေသဆိုင်ရာရုံး၊ ညွှန်ကြားရေးမှူး Mr. Sanjay Mathur အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ နိုဝင်ဘာလ ၅ ရက်

     ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ဘန်ကောက်မြို့ အခြေစိုက် ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံး (UNOPS)၏ အာရှဒေသဆိုင်ရာရုံး၊ ညွှန်ကြားရေးမှူး Mr. Sanjay Mathur နှင့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။                                                                                                                                                                                                                                                                                                                                                           

     တွေ့ဆုံစဉ် မြန်မာနိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် UNOPS အဖွဲ့တိုအကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ Global Fund နှင့် Access to Heath Fund ကျန်းမာရေးရန်ပုံငွေအဖွဲ့များက ကျန်းမာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင် ရွက်လျက်ရှိသော ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ တီဘီ၊ ခုခံကျ/ကာလသားနှင့် ငှက်ဖျား ရောဂါကာကွယ်ကုသရေးဆေးဝါးများ ပြတ်လပ်မှုမရှိအောင် ဆောင်ရွက်လျက်ရှိသည့်ကိစ္စရပ်များနှင့် ရှေ့ဆက်လက်ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များကို အပြန်အလှန်ဆွေးနွေးကြသည်။

     တွေ့ဆုံပွဲသို့ ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ UNOPS ရုံးမှ ဌာနေကိုယ်စားလှယ်နှင့်အဖွဲ့ဝင်များ တက်ရောက် ခဲ့ကြပါသည်။