|
ရန်ကုန် ၊ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၇)ရက် ကျန်းမာရေးဝန်ကြီးဌာန၏ ဦးဆောင်ပံ့ပိုးမှု၊ ပညာရေးဝန်ကြီးဌာန၏ ပူးပေါင်း ဆောင်ရွက်မှုဖြင့် ကျောင်းသားလူငယ်များ အာဟာရဓာတ်ပြည့်ဝစွာ ရရှိနိုင်စေရေး၊ အာဟာရပြည့်ဝပြီး ကျန်းမာစေသောအစားအစာများ စားသုံးတတ်စေရေးနှင့် ကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည်မြင့်မားသော ကျောင်းသားလူငယ်များဖြစ်လာစေရေးရည်မှန်း၍ ကျောင်းတွင်း အာဟာရ ကျွေးမွေးခြင်း လုပ်ငန်းများကို (၂၀၂၄-၂၀၂၅) ပညာသင်နှစ်မှစတင်၍ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည်။ |
|
![]() |
![]() |
| ထိုသို့ဆောင်ရွက်လျက်ရှိရာ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသည် နိုဝင်ဘာလ (၇) ရက်နေ့ နံနက်ပိုင်းတွင် ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် လှိုင်မြို့နယ်ရှိ အ.မ.က (၇)၊ လှိုင်တွင် တက်ရောက် နေသော KG ကျောင်းသား၊ ကျောင်းသူများအား အာဟာရကျွေးမွေးနေခြင်းလုပ်ငန်း ဆောင်ရွက် ချက်များကို အားပေးကြည့်ရှုပြီး ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းကြောင့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝစေနိုင်ကြောင်း၊ ကျန်းမာရေးနှင့် ညီညွတ်သောအမူအကျင့်များ ရရှိစေနိုင်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများမှတဆင့် မိဘဆွေမျိုးများ၊ ပတ်ဝန်းကျင်ရှိ ပြည်သူလူထုပါ ကျန်းမာရေးနှင့်ညီညွတ်သော စားသောက်မှု ပုံစံအလေ့အကျင့်ကောင်းများ ရရှိနိုင်သည့် အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း မှာကြားသည်။ | |
![]() |
![]() |
| ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဒဂုံမြို့နယ်ရှိ အ.လ.က (၁) ဒဂုံတွင် တက်ရောက်နေသော KG ကျောင်းသား၊ ကျောင်းသူများ ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်း လုပ်ငန်းတွင် အလယ်တန်းကျောင်းသား၊ ကျောင်းသူများမှ ကိုယ်တိုင် ပါဝင်ချက်ပြုတ် နေခြင်းကိုကြည့်ရှုအားပေးသည်။ | |
![]() |
![]() |
| ယင်းနောက် အ.လ.က (၁)၊ဒဂုံမှ အလယ်တန်းကျောင်းသူလေးများက ကျောင်းကျန်းမာရေးပြခန်းတွင် ခင်းကျင်းပြသထားသည့် ကျန်းမာရေးအသိပညာပေးပြခန်းငယ် (၉) ခုကို ရှင်းလင်းပြသခဲ့မှုကို ကြည့်ရှုအားပေးကာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မရမ်းကုန်းမြို့နယ်ရှိ အ.ထ.က (၅)၊မရမ်းကုန်းတွင် တက်ရောက်နေသော KG ကျောင်းသား၊ကျောင်းသူများအား ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းကို ကြည့်ရှုအားပေး ခဲ့ကြပါသည်။ | |
![]() |
![]() |
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း ရန်ကုန်တိုင်း ဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ လှိုင်မြို့နယ်နှင့် ဒဂုံမြို့နယ် တို့၌ ကျောင်းတွင်း အာဟာရ ကျွေးမွေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှု လှည့်လည်ကြည့်ရှုအားပေး
in








