|
နေပြည်တော်၊ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၈ ရက် ပြည်သူ့ဆေးရုံများ သန့်ရှင်းသာယာကောင်းမွန်စေရေး ပြင်ဆင်မွမ်းမံမည့် ကိစ္စရပ်များဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ Virtual Meeting ဖြင့် ကျင်းပသည်။ |
|
![]() |
![]() |
| အစည်းအဝေးသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုး၊ ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာလှ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။ | |
![]() |
![]() |
| ဦးစွာ ပြည်ထောင်စုဝန်ကြီးက ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ဆေးရုံတိုင်းတွင် ဆရာဝန်ရှိစေရေးအတွက် တိုက်နယ်ဆေးရုံများအထိ ဆရာဝန်များ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံတော်အကြီးအကဲက ပညာရေး၊ ကျန်းမာရေးကဏ္ဍကို အထူးအလေးပေးဆောင်ရွက်လျက်ရှိပြီး ပြည်သူ့ဆေးရုံများ အဆင်မြှင့်တင် ဆောင်ရွက်နိုင်ရေးအတွက် အထူးရန်ပုံငွေများချထားပေးရာ တာဝန်ရှိသူများအနေဖြင့် ပြည်သူအများ အားကိုးအားထားရာ ဆေးရုံများဖြစ်လာစေရန် ဆေးရုံဥပဓိရုပ်လှပရေး၊ သပ်ရပ်သန့်ရှင်းစေရေး၊ ရေ မီး မိလ္လာစနစ်များ ကောင်းမွန်စေရေး အလေးထားဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ အသုံးပြုခွင့် ပေးထားသောရန်ပုံငွေများကို စနစ်တကျအလေအလွင့်မရှိစေပဲ ဆောင်ရွက်သွားရန်လိုကြောင်း၊ သက်ဆိုင်ရာပြည်နယ်/တိုင်း အစိုးရအဖွဲ့များနှင့်လည်း ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန် လိုအပ်မည် ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ဝန်ထမ်းအိမ်ရာလိုအပ်ချက်၊ ဆေးနှင့် ဆေးပစ္စည်း လိုအပ်ချက်များကို ဖြည့်ဆည်းကာ ပြည်သူများ အားကိုးယုံကြည်ရသည့် ပြည်သူ့ဆေးရုံများ ဖြစ်စေရေးအတွက် လူနာများ အရေးပေါ်လူနာဌာနသို့ ရောက်ရှိချိန်မှစတင်ကာ ပြည်သူများ စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် ဆေးကုသမှုရရှိနိုင်ရေးတို့ကို မှာကြားသည်။ | |
![]() |
![]() |
| ဆက်လက်၍ ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းက ဆေးရုံများတွင် အရေးပေါ်နှင့် ပြင်ပလူနာကောင်းမွန်စေရေးအတွက် လိုအပ်သော ပြင်ထိန်းလုပ်ငန်းများကို သေချာစွာ ကြီးကြပ်ဆောင်ရွက်ရန် မှာကြားပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာလှတို့က လုပ်ငန်းများလျင်မြန်ချောမွေ့စွာ ဆောင်ရွက်နိုင်ရေး အလေးထားဆောင်ရွက်ရန် မှာကြားသည်။
ထို့နောက် တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးမှူးများ၏ တင်ပြချက်များနှင့် လိုအပ်သည်များကို ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြပါသည်။ |
|
![]() |
![]() |
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း တိုင်းဒေသကြီး/ ပြည်နယ်များမှ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများနှင့် Virtual စနစ်ဖြင့်တွေ့ဆုံ
in








